<div style='background-color: none transparent;'></div>

Home » » မြို့နေ လူတန်းစားမပါ ကျေးလက်ဒေသများအား ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အရစ်ကျရောင်း မည်

မြို့နေ လူတန်းစားမပါ ကျေးလက်ဒေသများအား ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အရစ်ကျရောင်း မည်

တိုင်းနှင့်ပြည်နယ်အသီး သီးရှိကျေးလက်ဒေသများတွင်ဂျီအက်စ် အမ်မိုဘိုင်းဖုန်းများကိုအရစ်ကျပေး ချေစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ သိရသည်။
အဆိုပါကျပ်နှစ်သိန်းတန်ဂျီ အက်စ်အမ်ဖုန်းများကိုအောက်တိုဘာ ၁မှ ဒီဇင်ဘာ ၃၁ရက်နေ့ အထိေ ရာင်း ချပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ် တာဝန်ခံအင်ဂျင်နီယာများ ထံဆက် သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။



''တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နေလူတန်းစားတွေမပါဘဲကျေး လက် နေပြည်သူတွေကိုအဓိက ဦးစားပေး ပြီးရောင်းချပေးမယ့်အစီအစဉ်ဖြစ် ပါတယ်။ ဂျီအက်စ်အမ်ဖုန်းတစ်မျိုး တည်းကိုသာ အရစ်ကျ စနစ်နဲ့ ရောင်း ပေးမှာပါ''ဟုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးကပြော သည်။


ယင်းကဲ့သို့အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင်ကနဦးအနေဖြင့်ကျပ် ၄သောင်းပေးသွင်းရမည်ဖြစ်ပြီးယင်း နောက်ကျန်ရှိသည့် ကျပ်တစ်သိန်းခြောက် သောင်းအားတစ်လချင်းစီခွဲဝေပေး သွင်းသွားရန်စီစဉ်ထား ကြောင်း သိရ သည်။


ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း ကိုအ ထောက်အကူဖြစ်စေရန်နှင့်ကျေးလက် နေပြည်သူတို့ လူထုစီးပွားဖွံ့ဖြိုးစေရန် ရည်ရွယ်၍ယင်းသို့စီစဉ်ဆောင် ရွက်ပေးရခြင်းဖြစ်သည်ဟု သိရသည်။


''သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး တွေအလိုက်တင်ပြလာမယ့်ပေါ်မှာ မူတည်ပြီးဆောင်ရွက်ပေးသွားမှာပါ၊ ငွေပေးသွင်း တာတွေကို လည်းကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေက ဘဲစုစည်းပြီး ပေးသွင်းရမယ်၊ ပထမ အရစ်ပေး သွင်းတာနဲ့ဆင်းမ်ကတ် တွေကိုထုတ်ပေးသွားမှာပါ''ဟုယင်း ကထပ်မံပြောသည်။


ယင်းသို့အရစ်ကျစနစ်ဖြင့်ရောင်း ချရာတွင်ဂျီအက်စ်အမ်မိုဘိုင်း ဘီဒီအက်စ်စခန်းများလွှမ်းခြုံနိုင်သည့် ဧရိယာအတွင်း ရှိကျေးရွာများကိုရောင်း ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သူဒေသခံတစ်ဦးဖြစ်သည့် ဦးမြတ်ဇော်က''ဒီလိုအရစ်ကျစနစ်နဲ့ ကျေးလက် နေပြည်သူတွေကိုရောင်း ပေးတာကောင်းပါတယ်၊စပါးဈေး၊ ပဲဈေးကအစမြို့ပေါ် ဖုန်းဆက်ပြီး လှမ်း မေးနိုင်တယ်၊သူတို့ရဲ့လူမှုစီးပွားဘဝ လည်းဖွံ့ဖြိုး တယ်၊နည်းပညာပိုင်း နဲ့ လည်း အလှမ်းမဝေး တော့ဘူးပေါ့''ဟု ပြောသည်။


ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ ကိုဝယ်ယူလိုသူများအနေဖြင့်ဝယ်ယူ သူ၏မှတ်ပုံတင်မိတ္တူ၊ဓါတ်ပုံ၂ပုံနှင့် ဖုန်း ဝယ်ယူသည့် သဘောတူစာချုပ် မူရင်းတစ်စောင်တို့ဖြင့်သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာများထံဆက် သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှယခုနှစ် ဧပြီလမှစတင်၍ ကျပ်နှစ် သိန်းဂျီအက်စ်အမ်ဖုန်းများကို ရောင်းချပေး ခဲ့ပြီးအစိုးရဝန်ထမ်း များအားယင်းမိုဘိုင်းဖုန်း နှင့်ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများ ကို ဇွန်မှဩဂုတ်လ အထိ အရစ်ကျပေးသွင်းစနစ် ဖြင့်ရောင်း ချပေးခဲ့ကြောင်းသိရသည်။
From-YagonMediaGroup
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map