<div style='background-color: none transparent;'></div>

Home » » ကျွန်တော်ဘာသာခြား မဟုတ်ပါဘူးဆိုတဲ့ "ဆိုတေး" ရဲ့ရင်ဖွင့်သံလေးများ

ကျွန်တော်ဘာသာခြား မဟုတ်ပါဘူးဆိုတဲ့ "ဆိုတေး" ရဲ့ရင်ဖွင့်သံလေးများ

ဖက်တီးမ' သီချင်းရိုက်ကူးရာတွင် ပုဂံဘုရားကိုနောက်ခံထား၍ Lazy Club တီးဝိုင်းနှင့် အတူ ဆိုတေးက သရုပ်ဆောင်ရာမှာ ဖိနပ်စီးကြောင်း အင်တာနက် စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေတဲ့ ကိစ္စနဲ့ပတ်သက်၍ ဆိုတေးက "အဲဒီဘုရားက ပုဂံဘုရားလည်း မဟုတ်ဘူး။ မြောက်ဥက္ကလာက သီလရှင် ကျောက်ရေတွင်း ကျောင်း၊ ဆောက်လက်စ ကျောင်းမှာ ရိုက်ထားတာပါ။ သူများစီးလို့ ကိုယ် လိုက်စီးပြီးရိုက် တာ လည်း မဟုတ်ဘူး။ ငါတို့သရုပ်ဆောင်၊ အဆိုတော်ပဲကွာ ဆိုပြီး စီးပြီးရိုက် တာလည်း မဟုတ်ဘူး။ အဲဒီမှာ လုံခြုံရေးတွေ၊ ရဲအရာရှိ တွေ လာကြည့်တဲ့ အရပ်သားတွေ လည်း ဖိနပ်စီးထားကြပါတယ်။
ဒါက စီးလို့ရတဲ့ နယ်မြေတစ်ခုလို့ တာဝန်ခံ ကပြောတဲ့ အတွက်ကြောင့်စီးတာပါ။ နောက်တစ်ခုက ကျွန်တော်ဘာသာခြား တစ်ယောက်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ဝင်စစ်စစ်ပါ။ ဘာသာခြားတစ်ယောက်ပဲဆိုပြီး ပရိသတ်ကို ဘယ်တော့မှ လိမ်ပြီး မကိုးကွယ်ဘူး။ ကျွန်တော့်ရင်ထဲမှာ တကယ် တမြတ်တနိုး ကိုးကွယ်တာက မြတ်စွာ ဘုရားရှင်ကို ကိုးကွယ်တာပါ။ ကျွန်တော့်အိမ်မှာလည်း ဘုရားစင်ရှိပါတယ်။ ညနဲ့ နံနက်ကျရင် ဘုရားရှိခိုးတယ်။ ပရိသတ်က ကျွန်တော့်ကို ဘာသာရေး တစ်ခုမှာ အထင်လွဲနေတာ ပါ။ ဗုဒ္ဓဘာသာရဲ့ထုံးစံအတိုင်း ကျွန်တော်ရှင်ပြုရဟန်းခံပြီးပါပြီ။ ကျွန်တော့်ဆီကိုဖုန်း ဆက်ပြီး ပုဂံဘုရားပေါ်မှာဖိနပ်စီး တယ်၊ ဘာသာခြားတစ် ယောက် ဆို ပြီး ရစရာမရှိအောင် ပြောလာခဲ့တာပါ။

ဒီနေရာမှာ ရိုက်ကူးရေးတာဝန်ခံ ကိုဇေပါက စီးလို့ရတယ်၊ သီလရှင်ဆရာလေး တစ်ပါးက ဆောက် လက်စနေရာတစ်ခုမို့လို့ စီးလို့ရတယ်ပြောလို့ ကျွန်တော် တို့စီးခဲ့တာပါ။ နောက်တစ်ရက်ကျတော့ အမျိုးသမီးတစ်ယောက်က ဘုရားမှာဖိနပ်စီးတဲ့ကိစ္စ၊ လူမျိုးခြားမဟုတ်တဲ့အကြောင်းကို ဂျာနယ်ကနေတစ်ဆင့် ရှင်းပြပါလို့ပြောလာပါတယ်။ ဒါကြောင့် နိုဝင်ဘာလ(၁၁)ရက် စီးတီးစတားမှာ အဲဒီကိစ္စနဲ့စပ်လျဉ်းပြီး ကျွန်တော်ရယ်၊ ကိုနိုင်ဇော်ရယ်ပေါင်းပြီး စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်မှာပါ။ ကျွန်တော့်ရဲ့ မျက်လုံးမျက်ခုံးက ဘာသာခြားနဲ့တူရတဲ့အကြောင်းအရင်းကလည်း အဖေ့မှာအဲဒီလိုသွေးပါလို့တူရတာပါ။ အဖေက လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ အမေကလည်း ဗမာစစ်စစ်တစ်ယောက်ပါလို့ ပြောကြား သွားခဲ့ပါတယ်။ 
8 days news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map