<div style='background-color: none transparent;'></div>

Home » »  ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာသယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိ

 ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာသယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိ

ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာ သယ်ဆောင်လာသော  ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံမှာ အသုံးပြုရန် ပြည်ပမှ မှာထားသော ဂျုံစေ့များကို သီလ၀ါဆိပ်ကမ်းမှတစ်ဆင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါစက်ရုံအတွင်းသို့ ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်လာပြီးနောက်   လက်နက်ခဲယမ်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိခဲ့သည့် လက်နက်ခဲယမ်းအမျိုးအစားများမှာ ၇ ဒသမ ၆၂ ကျည် ၂၈ တောင့်၊ ကျည်ကတ်နှစ်ခု၊ M-20 အမျိုးအစား ပစ္စတိုတစ်လက်၊ အပြာရောင်ကြိုးအိတ်တစ်ခုနှင့် ကာကီရောင် သေနတ်လွယ်ကြိုးတစ်ခုတို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍လည်း ဒဂုံအရှေ့စက်မှုဇုန်ရှိ ဒိုင်းမွန်းစတားဂျုံစက်ရုံမှ တာဝန်ရှိသူ စီမံကိန်းမန်နေဂျာအား သွားရောက်မေးမြန်းရာ '' ဒီကိစ္စကို လုံဝမသိပါဘူး''ဟု ပြန်ဖြေကြားခဲ့သည်။
ဂျုံစေ့များအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ရသည့် ဂျုံများမှာ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များဖြစ်ပြီး စင်ကာပူကုမ္ပဏီမှတာဝန်ခံ တင်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူထားသော ဂျုံစေ့များပါရှိသည့် ကွန်တိန်နာအတွင်းမှ တွေ့ရှိခဲ့ရသော လက်နက်ခဲယမ်းများနှင့်ပတ်သက်၍ ပြည်တွင်းလမ်းကြောင်းများကို စုံစမ်းစစ်ဆေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရဲတပ် ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းထားပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒဂုံအရှေ့မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ စခန်းမှူးဖြစ်သူရဲအုပ် ထွန်းလင်းအား သွားရောက်မေးမြန်းရာ '' ကျွန်တော်တို့အနေနဲ့ ဒီဖြစ်နဲ့ ပတ်သက်ပြီးတော့ ဖြေလို့ လုံးဝမရပါဘူး''ဟု ပြန်လည်ပြောကြားခဲ့သည်။
ဒဂုံအရှေ့စက်မှုဇုန်အတွင်း လည်ပတ်လျက်ရှိသော စက်ရုံအရေအတွက်မှာ ၂၉ ရုံရှိပြိး ဆောက်လုပ်ဆဲ စက်ရုံပေါင်း ၃၀ ခန့်ရှိကြောင်း အဆိုပါစက်မှုဇုန်စီမံခန့်ခွဲရေးရုံးမှ သိရှိရသည်။
eleven media group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map