<div style='background-color: none transparent;'></div>

Home » » ပုသိမ်မြို့ ကန်သုံးဆင့် (ကန်သာယာ) ပန်းခြံရှိ ရေကန်တွင် ကျင်းပသည့်ဆီမီးမျှောပွဲ သွားရောက်စဉ် တံတားကျိုးကျ

ပုသိမ်မြို့ ကန်သုံးဆင့် (ကန်သာယာ) ပန်းခြံရှိ ရေကန်တွင် ကျင်းပသည့်ဆီမီးမျှောပွဲ သွားရောက်စဉ် တံတားကျိုးကျ

ယနေ့ည ၇ နာရီဝန်းကျင်က ပုသိမ်မြို့ ကန်သုံးဆင့် (ကန်သာယာ) ပန်းခြံရှိ ရေကန်တွင် ကျင်းပသည့် ဆီမီးမျှော ပွဲသို့ မြို့ခံများနှင့် တက္ကသိုလ်ကျောင်းသားများ လာရောက်ကြစဉ် တက္ကသိုလ်ဘက် ထွက်သည့် သစ်သား တံတားကျိုးကျခဲ့သော်လည်း အသေအပျောက် မရှိကြောင်း ပုသိမ်မြို့ခံတဦးက ပြောသည်။

သီတင်းကျွတ်လပြည့် နေ့ဖြစ်၍ ဆီမီးမျှောပွဲလာရောက်သည့် လူပရိသတ် စည်ကားချိန်ဖြစ်၍ ရုတ်ရုတ် သဲသဲသာ ဖြစ်ခဲ့သည်ဟု လည်း၎င်းကပြောသည်။

လူပရိတ်သတ်များပြားစွာ ကျော်ဖြတ်ချိန်တွင် အသံမြည်ကာ အိကျသွားခဲ့ခြင်း ဖြစ်သည်ဟုလည်း မျက်မြင် သက်သေများက ပြောသည်။

ယင်းတံတားမှာ ကန်သုံးဆင့်တည်ပန်းခြံ စတင်တည်ဆောက်စဉ်ကတည်းက ဆောက်လုပ်ခဲ့သည့် တံတားဖြစ် ၍ လွန်ခဲ့သည့် ၂ နှစ်က ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။


ယင်းဆီမီးမျှောပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် အခြား တိုင်းဝန်ကြီးများ လည်းလာရောက်ခဲ့ကြသည်ကို တွေ့ရကြောင်းလည်း ဆီမီးမျှောပွဲ သွားရောက်သူများက ပြောသည်။
 
ref:YPI
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map