<div style='background-color: none transparent;'></div>

Home » » ၉း၁၃ နာရီ ကျောက်နီမော်ကျေးရွာသတင်း (အထူးသတင်း)

၉း၁၃ နာရီ ကျောက်နီမော်ကျေးရွာသတင်း (အထူးသတင်း)

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ယခုအခါ ရခိုင် လူအယောက်
 ၄၀၀၀ မှ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဟုသိရှိရပါသည်။


 အခင်းဖြစ်ပွါးပုံမှ ကျောက်နီမော် ရခိုင်များနေထိုင်ရာ အပိုင်းနှင့် ဘင်္ဂလီများ နေထိုင်ရာ
အစပ်တွင် မီးလောင်းမှု ဖြစ်ပွါးသည်ဟု ကြားသိရ၍ ရခိုင်များမှ သွားရောက် ကြည့်ရူရာ
 လယ်ကွင်းထဲတွင် ရပ်ကြည့်နေသော လူအုပ်တည့်တည့်သို့ ကျောက်ထရံ ကျေးရွာ လုံခြုံရေးဒုရဲအုပ် ကျော်လွင်မှ လူအုပ်ထဲသို့ သေနပ်ပစ်ဖောက်ရာ ရမ်းဗြဲမြို့နယ် ၊ ရေမျက်ဝကျေးရွာမှ မောင်ဟန်ရွှေ၊ အသက် (၅၅) နှစ် ကျဆုံးသွားကြောင်းသိရှိရပြီး
သန့်တင်၊အသက်(၄၀)ပတ်ဝန်ကျင်၊သပြေချောင်းကျေးရွာမှ ပေါင်တွင် သေနပ်ထိမှန်ပြီး
 ကျောက်နီမော် ဆေးရုံးသို့ တင်ထားရကြောင်း သိရှိရပါသည်။


 ယခုအခါ လူထုမှာ မကျေမနပ်ဖြစ်လျှက်ရှိပြီး ကျောက်ဖြူမြို့နယ် လွတ်တော်အမတ်
ဦးဘရှိန်ကို အကြောင်းကြားပြီး လူထုမှ လုံခြုံရေးများကို ဖြေရှင်းချက်ပေးရန်နှင့်
 ကျောက်နီမော် ဘင်္ဂလီကျေးရွာကို ပြောင်းရွေ့ပေးရန် တောင်းဆိုလျှက်ရှိသည်
ဟုသိရှိရပါသည်။



Rakhine Straight Views
 
 

၉း၄၅ နရီ၊ ရမ်းဗြဲမြို့ ကျောက်နီိမော်အုပ်စု သတင်း
-----------------------
မီးလောင်းမှု ၊ မီးရှိုးမှု အပြန်အလှန်တိုက်ခိုက်မှု လုံးဝမရှိဘဲ လေကွင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများသို့ လုံခြုံရေးမှ သေနပ်ဖြင့် ပစ်သတ်ရာ နောက် ရခိုင်(၁)ယောက် သေဆုံးပြီး၊ (၃) ယောက်တွင် ဒဏ်ရာအပြင်းအထန်ရရှိပြီး ကျောက်နီမော်ဆေးရုံးကို ပို့လိုက်ရကြောင်း၊ သေဆုံးသူ၏ နာမည်နှင့် ကျေးရွာကို မသိရှိရသေးပေဟု RSV သတင်းထောက်မှ သတင်းပေးပို့လာပါသည်။ အခြေအနေမှာ ဆက်လက်တင်
မာလျှက်ရှိပါသည်ဟု သိရှိရပါသည်။



Rakhine Straight Views
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map