<div style='background-color: none transparent;'></div>

Home » » ကိုရင်နဲ့သီလရှင် တွေကို အင်္ဂလိပ်စာ တိုးတက်အောင်သင်ကြားပေးနေတဲ့နိုင်းနိုင်းရဲ့ဇနီး စန္ဒီချို

ကိုရင်နဲ့သီလရှင် တွေကို အင်္ဂလိပ်စာ တိုးတက်အောင်သင်ကြားပေးနေတဲ့နိုင်းနိုင်းရဲ့ဇနီး စန္ဒီချို

စန္ဒီချို သရုပ်ဆောင်နိုင်းနိုင်းရဲ့ဇနီးစန္ဒီချိုက အင်းစိန်က အင်္ဂလိပ်စာသင်ကြားချင်တဲ့ လူငယ်များကို သင်ကြားပေးနေသလို၊ ကလေး ဝတောရကျောင်းတိုက်မှာလည်း ကိုရင်နဲ့ သီလရှင် ၁၈၂ပါးကိ
ု အင်္ဂလိပ်စာ ပညာ ဒါနသင်တန်း ဖွင့်လှစ်သင်ကြား ပေးနေတာ အခုဆိုရင် ၁လကျော်ရှိသွား ပြီဖြစ်ပါတယ်။ အခုလို သင်ကြားတဲ့အတွက် အတွေ့အကြုံ သစ်တစ်ခုရသလို၊ နယူးယောက်မှာ ကျောင်းတက်နေတဲ့ကာလတွေမှာ သူ တတ်ခဲ့တဲ့ ပညာတွေကို ဒီက အင်္ဂလိပ်စာ မတတ်တဲ့ မိဘမဲ့ကလေးတွေ၊ ကိုရင်တွေ၊ သီလရှင်တွေကို သင်ပေးရတဲ့ အတွက် ဝမ်းသာပီတိဖြစ်ရကြောင်းကို စန္ဒီချိုက "စန္ဒီ့ဘဝမှာ ဒီလိုမျိုးတစ်ခါမှ မလုပ်ဖူး ပါဘူး။ အလှူဒါနဆိုရင် ပိုက်ဆံလှူတာပဲ ရှိပါတယ်။ ဒီလိုမျိုးကိုယ့်ပညာကိုလှူတာ တစ်ခါမှ မလုပ် ဖူးဘူး။ အခုက ပထမဦးဆုံးအကြိမ်ပါပဲ။ စန္ဒီ လည်းသင်ချင်တဲ့စိတ်ရှိတယ်။ သူတို့ကလည်း လိုက်လေ့လာချင်တဲ့ စိတ်ရှိတော့ သင်ရတာ စိတ်ချမ်းသာတယ်။ အင်္ဂလိပ်စာအားနည်း တဲ့ကလေးတွေကို သင်ပေးရတော့ ပိုပြီးအကျိုး ရှိတာပေါ့"လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ယခုတစ်ပတ်ထုတ် ပေါ်ပြူလာဂျာနယ် အမှတ်၁၆ ၊အတွဲ ၄၃တွင် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။ ခိုင်ဝေလွင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map