<div style='background-color: none transparent;'></div>

Home » » ရန်ကုန်မြို့တွင်လိုင်းကားစီးသောအမျိုးသမီးများအထူးသတိပြုရန်(လိုင်းကားပေါ်တွင် ဆံပင်ဖြတ်ယူသူများ ရှိနေ )

ရန်ကုန်မြို့တွင်လိုင်းကားစီးသောအမျိုးသမီးများအထူးသတိပြုရန်(လိုင်းကားပေါ်တွင် ဆံပင်ဖြတ်ယူသူများ ရှိနေ )

မြို့တွင်းလိုင်းကား အချို့ပေါ်တွင်စီးနင်းလာသော ဆံပင် ရှည်သည့် အမျိုးသမီးများ၏ ဆံပင်ကို ခိုးယူဖြတ်တောက်ခြင်းများ ရှိနေကြောင်း ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူ မခိုင်မာလာမှ ပြောပြသည်။ "ကျွန်မကကိုးမိုင်ဂိတ်က တက်လာ တာ ကျောက်ေ တ်ာကြီး ဂိတ် ထိ စီးသွားတာ ပါ။ နှစ်ဂိတ်ပဲခြား တာ၊ဆံပင်ကမြှင့်ပြီးစည်းထား တာ အထဲကဖြတ်ယူ သွားတာကို မသိလိုက်ဘူး ကျွန်မဆံပင်က ခါးလောက် ထိတော့ ရှိတယ်။ တိုသွားတယ်၊ ပါးသွားတယ်၊ ပခုံးကျော်ပဲ ကျန်တော့တယ်၊ သတိထားရင်းနဲ့ ဖြစ်သွားရတာပါ။ဆံပင်ဖြတ်တဲ့ သူတွေ ပေါ်နေတယ် ကြားတာ ကြာပြီ။
အခုတော့ ကိုယ်ပါသွားတော့မှပဲ ယုံတော့တယ် စပယ်ယာတွေ ကတော့ ဆယ်မိုင်မှတ်တိုင်မှာ ဆင်းတဲ့သူ ဖြစ်နိုင်တယ် ပြောတယ်။ ဂိတ်တွေမှာ လူဆင်းတာဆိုလို့ အဲဒီလူတစ်ယောက်ပဲ ရှိတာ၊ ဖြတ်သွားပြီး ဆင်းသွားပြီးမှ သိတာဆိုတော့ ဘာမှ မတတ်နိုင်ပါဘူး။
အဲဒီလူ အနားမှာ ကပ်နေတာတော့ သိတယ်။ ဆံပင် တင်းကနဲ ဖြစ်သွားတာကို ဖိမိတယ်လို့ ထင်တာလေ ကိုယ်ဆင်းရမယ့် မှတ်တိုင်ရောက်မှ သိတော့တယ်"ဟု မခိုင်မာလာမှ ၎င်းကိုယ်တိုင်ကြုံတွေ့ ရပုံ ကို ပြောပြသည်။ ယခင်က ခါးပိုက်နှိုက်များသာ ရှိခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် ဆံပင်အဝယ်ဒိုင်များမှ ဆံပင် ဈေးကောင်းပေး ဝယ်ယူလာခြင်းများကြောင့် မသမာသူများက ဆံပင်ကို လိုက်လံဖြတ် ယူနေခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်ရပ်များမှာ ဘတ်စ်ကားကြီးများပေါ်တွင် အဖြစ်များ


ကြောင်း သိရသည်။

Hot News Weekly Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map