<div style='background-color: none transparent;'></div>

Home » » ဟိုတယ် ၀န်ထမ်းအား ကိုယ်ထိလက်ရောက် စော်ကားခဲ့(ပါးရိုက်) မှုအပေါ် ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်

ဟိုတယ် ၀န်ထမ်းအား ကိုယ်ထိလက်ရောက် စော်ကားခဲ့(ပါးရိုက်) မှုအပေါ် ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်

ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ်
ကျူးလွန်ခဲ့ သူ ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်ခဲ့ သည့် သိန်း ၁၃၀အနက် သိန်း၁၀၀  အာလူမှုအဖွဲ့အစည်းများသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း အော့ခ်ခစ်
 ဟိုတယ်ဝန်ထမ်း မအေးအေးကြည်ကပေါ်ပြူလာနယူးစ်သို့ပြောသည်။




““ သိန်း ၁၃၀ မှာ သိန်း ၃၀ က တရားရေးစရိတ်အဖြစ် ဟိုတယ်က စိုက်ပေးထားတဲ့ငွေမို့ ဟိုတယ်ကိုပြန်ပေးတာပါ။ ကျန်တဲ့သိန်းတစ်ရာကို ညီမပိုင်ငွေမို့အားလုံးလှူဒါန်းခဲ့ပါတယ်”” ဟု မအေးအေးကြည်ကပြောသည်။


၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်က ဟိုတယ်သို့ လာရောက်တည်းခိုသည့် ဂျပန်နိုင်ငံ
သား မစ္စတာ အိုကာအာဂျီတာကာရှီမှ ပြင်ပမှ အမျိုးသမီးတစ်ဦးကို ဟိုတယ်သို့ခေါ်ဆောင် လာသည့်အတွက် ဟိုတယ်စည်းကမ်းနှင့်မညီသဖြင့်တာမြစ်ခဲ့သည်တွင် ဂျပန်နိုင်ငံသားမှ မအေးအေးကြည်အားကိုယ်ထိလက်ရောက်(ပါးရိုက်ခဲ့)စော်ကားခဲ့ခြင်းအတွက်
 နှစ်ဦးနှစ်ဖက်တရားရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

““ အခုလို ၁၀ လကျော် တစ်နှစ်နီးပါး ဘာကြောင့် တရားရင်ဆိုင်ခဲ့ရသလဲဆိုရင်
ညီမလိုမဟုတ်ဘဲ ဆင်းရဲနွမ်းပါးပြီး ဘာမှ အသိဥာဏ်မရှိတဲ့ မိန်းကလေးတွေဆိုရင် ဘယ်လိုဖြစ်မလဲဆိုတဲ့စိတ်ခံစားမှုနဲ့လုပ်ဖြစ်တာပါ။ မြန်မာမိန်းကလေးကို ဘယ်နိုင်ငံခြား
သားကမှ ကိုယ်ထိလက်ရောက် စော်ကားလို့မရဘူးဆိုတာကို သိစေချင်လို့ပါ””
ဟု ၄င်းကပြောကြားသည်။

အဆိုပါ ကိစ္စရပ်များအတွက် ၀န်ချတောင်းပန်မှုကို အော့ခ်ခစ်ဟိုတယ် ခန်းမတွင်
 အောက်တိုဘာလ ၂၃ ရက်က မီဒီယာအချို့နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များရှေ့မှောက်
တွင်ဆောင်ရွက်ခဲ့ပြီး ကိုယ်ထိလက်ရောက်စော်ကားခဲ့သည့် ဂျပန်နိုင်ငံသား မစ္စတာ
အိုကာအာဂျီတာကာရှီ မှ ယခုလို ဂျပန်နှင့်မြန်မာချစ်ကြည် ရင်းနှီးမှုတည်ဆောက်နေ
သည့်အချိန်တွင် ယခုကဲ့သို့ မှားယွင်းမှုဖြစ်ပေါ်ခဲ့သည့်အတွက် ခွင့်လွှတ်ပေးပါရန်တောင်း
ပန်ပါကြောင်း ကာယကံရှင်မအေးအေးကြည်အား တောင်းပန်စကားဆိုခဲ့သည်။

““ လူအများရှေ့မှာ အခုလိုတောင်းပန်တဲ့အတွက် ညီမအနေနဲ့ကျေနပ်ပါတယ်””
ဟု မအေးအေးကြည်က အဆိုပါကိစ္စအပေါ်သူ့ခံစားမှုကိုပြောသည်။

နစ်နာကြေးရရှိခဲ့သည့် ငွေများအနက် ငွေသိန်း ၁၀၀ အား တိုင်းဒေသကြီးအမျိုး
သမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ် အမျိုးသမီးရေး
ရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ နှင့်ယင်းလက်အောက်ရှိ သားဖွားခန်းတည်ဆောက်ရေးအတွက်၊မျက်မမြင်ကျောင်း၊နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ နာရေးကူညီမှုအသင်း၊ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းနှင့် လက်ခုပ်ကုန်းတိုက်နယ်ဆေးရုံ များသို့ ငွေကျပ် ၁၀ သိန်းစီ အသီးသီးပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဥာဏ်လင်းအောင်

Popular  News
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map