<div style='background-color: none transparent;'></div>

Home » » ပဲခူးမြို့ကအဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး

ပဲခူးမြို့ကအဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ နယ်၊ ဇိုင်းဂနိုင်းကြီးကျေးရွာ၌ အောက်တိုဘာ (၁၆) ရက်က  ကျောင်းသူမိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်ပွားပေါ်ပေါက်ခဲ့ ရာ လူသတ်မှုမှတရားခံကိုအခင်း ဖြစ်ချိန်မှစတင်ပြီးအချိန် ၆ နာရီ အကြာ၌ ပဲခူးအမှတ် (၂) ရဲတပ်  ဖွဲ့စခန်းက ဖမ်းဆီးရမိခဲ့သည်။
အောက်တိုဘာ ၁၆ ရက်  နံနက် (၇) နာရီအချိန်ခန့်က ဦးတင်  မြင့် ဇိုင်းဂနိုင်းကြီးကျေးရွာအရှေ့ ပိုင်းနေထိုင်သူ၏ သမီးဖြစ်သူမ (၁၃) နှစ်၊ ၈ တန်းကျောင်းသူ သည် အ.လ.က (၁) ကျောက် ကြီးစုကျောင်းသို့သွားရောက်ခဲ့ရာ ညနေ (၆)နာရီခန့်အချိန်အထိ နေအိမ်သို့ပြန်လည်၍ ရောက်မ  လာသောကြောင့်လိုက်လံစုံစမ်းရာ   ယင်းနေ့ကျောင်းမတက်ကြောင်း သိရသဖြင့် ဆက်လက်ပြီးရှာဖွေ  ကြရာမ(—)မှာ ဇိုင်းဂနိုင်း ကြီးကျေးရွာအုပ်စုအတွင်းရှိ ဦးထွန်းမြင့်၏ စပါးခင်းအစပ်တွင် ညိုမည်းပုပ်ပွ၍ သေဆုံးနေသည် ကို အောက်တိုဘာ ၁၇ ရက် ည ၇ နာရီခွဲအချိန်၌တွေ့ရှိရသဖြင့်  ရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း သိရ သည်။

ရဲတပ်ဖွဲ့ကတရားခံဖော်ထုတ်  ဖမ်းဆီးရမိနိုင်ရေးအတွက် သတင်း  စုဆောင်းခဲ့ရာဇိုင်းဂနိုင်းကြီးကျေး ရွာနေမချော(ဈေးရောင်း)သည် အခင်းဖြစ်နေ့တွင် ဈေးရောင်းပြီး ဇိုင်းဂနိုင်းကြီးကျေးရွာသို့ပြန်လာ စဉ် နံနက် ၀၈း၃၀ နာရီအချိန်၌ အရပ်ပုပုဂင်တိုတိုအမျိုးသားတစ် ဦးရွှံ့နွံ့များပေကျံလျက်ကျောပိုး အိတ်တစ်လုံးကိုလွယ်ကာနောက်  လှည့်ကြည့်လှည့်ကြည့်နှင့်လာစဉ် ၎င်းင်းအားဝင်ရောက်တိုက်မိသွား ကြောင်း၊ ဇိုင်းဂနိုင်းကြီးကျေးရွာ နေမပုကြီးဆိုသူအမျိုးသမီးသည် အခင်းဖြစ်နေ့ နံနက်ပိုင်းတွင် ဇိုင်းဂနိုင်းကြီးကျေးရွာနှင့် ရေစက် ကုန်းရွာအကြားအခင်းဖြစ်နေရာ အနီးလမ်းမပေါ်တွင် အရက်မူး နေသည့်အရပ်ပုပုဂင်တိုတိုအမျိုး သားတစ်ဦးကိုတွေ့ကြောင်း၊ ၎င်းင်း  အမျိုးသားသည်ရွှေလှေကျောက် ပုံစုကျေးရွာနေဈေးရောင်းသူမ၀ါဝါ ဆိုသူအမျိုးသမီးကိုတွေ့၍ နောက်ပြောင်ပြောဆိုသဖြင့် မ၀ါဝါ  က ၎င်းင်းအားဆဲရေးတိုင်းထွာသွား သည်ကိုတွေ့မြင်ရကြောင်း၊ ဈေး ရောင်းသူမ၀ါဝါသည်အခင်းဖြစ် နေ့ နံနက်ပိုင်းဈေးရောင်းထွက်လာ  စဉ်လမ်း၌အရက်မူးနေသူလူတစ် ဦးက ၎င်းင်းအားနောက်ပြောင်ပြော  ဆိုသဖြင့်ဆဲရေးတိုင်းထွားရန်တွေ့ ခဲ့ကြောင်း၊ ထိုအချိန်မှာ မြို့ပေါ် ကျောင်းသို့ကျောင်းသွားတက်ကြ သော ကျောင်းဝတ်စုံနှင့် ကျောင်း သား၊ ကျောင်းသူများသွားလာနေ  ကြသည်ကိုတွေ့ရကြောင်း၊ ၎င်းင်း  အားနောက်ပြောင်ပြောဆိုခဲ့သူမှာ   ရွှေလှေကျေးရွာ၊ ရွာမပိုင်းနေသူ  ဦးတွတ်နီ၏သမက်တော်စပ်သူမင်း မင်းထွန်းဆိုသူဖြစ်ကြောင်းသိရသဖြင့် ရဲတပ်ဖွဲ့ဝင်များသည်ညတွင်းချင်း  ရွှေလှေကျေးရွာသို့သွားရောက်ကာ  မင်းမင်းထွန်းအား ဖမ်းဆီးခဲ့သည်။ မင်းမင်းထွန်း၏ အိပ်ရာအနီး ကျောပိုးအိတ်နှင့် ကျောင်းသုံးဘောပင် (၅) ချောင်း  ကို သက်သေခံပစ်္စည်းများအဖြစ် သိမ်းဆည်းခဲ့သည်။ မင်းမင်းထွန်း  အား ရဲစခန်းက (ပ) ၂၆၂/၁၂ ပုဒ်မ ၃၀၂ အရ စစ်ဆေးခဲ့ရာ ၎င်း ၏ အစစ်ခံထွက်ဆိုချက်များအရ မင်းမင်းထွန်းမှာ အောက်တိုဘာ ၆ ရက်က ရေစက်ကုန်းကျေးရွာရှိ နာရေးတစ်ခုတွင် ဖဲရှုံး၍ ရေစက် ကုန်းကျေးရွာမှ ဇိုင်းဂနိုင်းကြီးကျေး ရွာဘက်သို့အခင်းဖြစ်နေ့ နံနက် ၀၇း၃၀ နာရီအချိန်ခန့် လမ်း လျှောက်လာစဉ်လမ်းတွင် ကျောင်း သူမိန်းကလေးအားတွေ့၍ ပိုက်ဆံ  တောင်းကြောင်း၊မပေးသဖြင့် ပါးစပ်  ပိတ်ပြီး နောက်လမ်းနံဘေးလယ် ကွင်းထဲသို့ဆွဲခေါ်သွားကာ သေသူ  မိန်းကလေးပါးကို နှစ်ချက်ရိုက်၍ မုဒိမ်းကျင့်၊လည်ပင်းညှစ်ပြီးသတ်ခဲ့ ကြောင်း ထိုနောက်ကျောပိုးအိတ် အတွင်းမှ စာအုပ်များကိုအခင်းဖြစ်  ရပ်တွင် သွန်ချခဲ့ပြီးအဆိုပါအိတ် ကိုယူ၍ထွက်ပြေးခဲ့ကြောင်း၊ လမ်း တွင်အမျိုးသမီးတစ်ဦးအား ၀င်တိုက် မိခဲ့ကြောင်း အစစ်ခံထွက်ဆိုခဲ့ သည်။
အဆိုပါလူသတ်မှုအား ထိုက် သင့်သောပြစ်ဒဏ်များရရှိစေရေး အတွက် အမှုကိုခိုင်မာတည်ဆောက်   ကာတရားစွဲဆိုသွားမည်ဟုသတင်း  ရရှိသည်။ 
hot newsweekly

မင်းခဏ့်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map