<div style='background-color: none transparent;'></div>

Home » » စင်္ကာပူမှာ ဇာဂနာ ဘာပြောသလဲ

စင်္ကာပူမှာ ဇာဂနာ ဘာပြောသလဲ

လူရွှင်တော်ကြီးဇာဂနာ စင်္ကာပူမှာ ရထားစီးရင်း သုံးသပ်ချက်ပေးပုံကို တစုံတယောက်က အသံဖမ်းထားတာ အခု အဲဒီသုံးသပ်ချက် အွန်လိုင်းမှာ ရောက်နေပါပြီ။

အသံဖိုင်ကို ၁၅ မိနစ်လောက် ကြာအောင် နားထောင်ရပါလိမ့်မယ်။ အသံလည်း ကြည်ပါတယ်။ ပြောသမျှကိုလည်း စာစီစာရိုက်လုပ်ထားတော့ ကြည့်ရတာ ပိုပြီး အဆင်ပြေကြမှာပါ။

ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က အသံဖမ်းထားတာပါ လို့ အွန်လိုင်းတင်တဲ့သူက ဆိုပါတယ်။ စင်္ကာပူမှာက မြန်မာပြည်သားအများအပြား ရှိပါတယ်။ ရထားစီး ကားစီးတဲ့အခါ တွေ့ရတဲ့ ကိုယ့်နားကလူတွေက မြန်မာပြည်သားတွေ ဖြစ်နေတတ်တဲ့အထိ ရွှေတွေ များတာပါ။ အနီးတ၀ိုက်က တယောက်က ဇာဂနာကြီး ဘယ်သူဆိုတာကို သိပြီး ပြောသမျှကို လက်ကိုင်ဖုန်းနဲ့ အသံဖမ်းထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ခေတ် လက်ကိုင်ဖုန်းများကလည်း ဓာတ်ပုံရိုက် ဗီဒီယိုရိုက် အသံဖမ်း လို့ ရနေပါပြီ။



ဇာဂနာက ရန်ကုန်မှာ သူ ကြားသိ မြင်တွေ့တာတွေနဲ့ သူထင်တာတွေကို ပြောပြထားတာ ဖတ်ရ ကြားရမှာပါ။
http://blog.irrawaddy.org/2012/10/blog-post_4991.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map