<div style='background-color: none transparent;'></div>

Home » » ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၃၀)ရပ်ကွက်၊ ဘုမ္မာ (၇) လမ်းတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွား

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၃၀)ရပ်ကွက်၊ ဘုမ္မာ (၇) လမ်းတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွား

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအိမ်ရှေ့ရှိ ရေခြောက်လက်မသာရှိသော
 ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၃၀)ရပ်ကွက်၊
ဘုမ္မာ (၇) လမ်းတွင် အသက် ခြောက်နှစ်အရွယ် မောင်အောင်ခန့်ပိုင်မှာ ၄င်းတို့
အိမ်ရှေ့ရှိ ရေမြောင်းအကျယ် ၂ ပေခွဲဝန်းကျင်ရှိပြီး ရေအနက် ၆ လက်မသာရှိသော
 ရေမြောင်းအတွင်း ပက်လက်လှန် အနေအထားဖြင့် လှဲကျ၍ သေဆုံးနေ
သည်ကို စက်တင်ဘာ ၃၀ ရက်၊ မွန်းလွှဲ ၃ နာရီခန့်က
 တွေ့ရှိရသည်။


၎င်း၏မိဘများက အိမ်တွင်မောင်အောင်ခန့်ပိုင်မရှိသည်ကို မွန်းလွဲ ၂ နာရီ
ခွဲခန့်တွင် သိရှိပြီး ရပ်ကွက်အတွင်း လိုက်လံရှာဖွေပြီး မတွေ့၍ အိမ်ပြန်လာစဉ်
အိမ်ရှေ့ ရေမြောင်းထဲ၌ (မှတ်ချက်။ ၄င်းအား တွေ့သောနေရာမှာ ခြုံကွယ်နေ၍
မလွယ်တကူမမြင်ရပေ) လှဲကျသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း
မိဘများနှင့် ရပ်ကွက်အတွင်းမှ မျက်မြင်တွေ့ရှိသူများကပြောသည်။

၎င်းသည် မကြာခဏ တက်၊ တက်ပြီး ရေမြောင်းအတွင်း လှဲကျစဉ် တက်၍
 သေဆုံးခြင်းဖြစ်နိုင်ကြောင်း မိဘများနှင့် မျက်မြင်တွေ့ရှိသူများက
မှတ်ချက်ချသည်။

 ရဲတပ်ဖွဲ့များကလည်း ဖြစ်စဉ်မှာ ရေနစ်သေဆုံးသော ဖြစ်ရပ်သာဖြစ်ကြောင်း
မှတ်ချက်ပြုသည်။ ၄င်း၏ အလောင်းကို ဝေဘာဂီ ရဲတပ်ဖွဲ့စခန်း အမှတ်(၂)နယ်မြေရဲကင်းက မြောက်ဥက္ကလာပဆေးရုံသို့
ပို့ဆောင်ပေးခဲ့သည်။

7 Day News
Share this article :

1 comments:

မြတ်နိုးသူ said...

6နှစ်အရွယ်ကလေးရဲ့သတင်းကို
ဖတ်ပြီးစိတ်မကောင်းဖြစ်မိပါတယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map