BARCLAYS PREMIER LEAGUE ဘောလုံးပွဲမစခင်ကတည်းက MRTV-4 ရုပ်သံမှ တစ်ဦး
တည်းမူပိုင်ခွင့် ရရှိထားပြီဖြစ်၍ စနေ၊ တနင်္ဂနွေနေ့များတွင်
တစ်ပတ်လျှင်နှစ်ပွဲ (FREE To AIR) အခမဲ့ထုတ် လွှင့်ပေးမည်ဖြစ်သောကြောင့်
ရုပ်သံမှာကြော်ငြာထည့်လိုသူများ ဆက်သွယ်နိုင်ကြောင်း နေ့စဉ်ကြော်ငြာနေ
ကြောင်း၊ သို့သော် ၂၅.၈.၂၀၁၂ စနေနေ့ချယ်ဆီးနှင့် နယူးကာဆယ် ကန်မည့်ပွဲကို
10:55PM တွင် တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဟု ထိုနေ့ကြေးမုံ သတင်းစာ၏ MRTV-4
ရုပ်မြင်သံကြား အစီအစဉ်တွင် ထည့်သွင်းကြေညာ ခဲ့၍ ဘောလုံးပွဲဝါသနာရှင်များက
စောင့်မျှော်ကြည့်ရှုခဲ့ကြကြောင်း၊ ဘောလုံးပွဲမစခင်တွင် အခြားရုပ်သံကြော်ငြာ
များ၊ ချယ်ဆီးနှင့် နယူကာဆယ်အသင်းများ၏ LOGO တံဆိပ်များကို ပြသနေ၍
အမှန်တကယ် ဘောလုံးပွဲပြသ မည်ဟု ထင်ထားကြကြောင်း၊ ဘောလုံးပွဲစတင်ချိန်တွင်
အသံနှင့်ရုပ်မှာ ပျောက်သွားကြောင်း၊ အစီအစဉ်အ ပြောင်းအလဲ လုံးဝမရှိဘဲ
ဘောလုံးပွဲပြီးချိန်မှစ၍ MRTV-4 ၏ ပုံမှန်အစီအစဉ်များ ပြန်လည်ပြသခဲ့ကြောင်း
ဘောလုံးဝါသနာရှင် တစ်ဦးထံမှ သိရသည်။
“အခုလိုတစ်နိုင်ငံလုံးက
ဘောလုံးဝါသနာရှင်တွေအပေါ် မလိမ့်တပတ်လုပ်ပြီး ပြောင်လိမ်တာ မျိုးကတော့
ပြည်သူကိုတိုက်ရိုက်စော်ကားတာပဲ။ မကြာသေးမီက Hot News ဂျာနယ်ဟယ်လိုကဏ္ဍမှာ
ဒီအ ကြောင်းတစ်စွန်းတစ်စရေးထားတာတွေ့ရတယ်။ တကယ်ပြသမလိုကြေညာပြီး
ကြော်ငြာသတင်းတွေပြသတာ ကတော့ တမင်စော်ကားသလိုပဲ။ MRTV 4
ကကြော်ငြာရှင်တွေနဲ့ပေါင်းပြီး ပြည်သူတွေကို လှည့်စားတာပဲလို့ မြင် တယ်”ဟု
ဘောလုံးဝါသနာအိုး ဦးမောင်မောင်ကပြောသည်။
N/A - အတွဲ ၃၊ အမှတ် ၁၀၈
Updates +++
3 years ago
0 comments:
Post a Comment