<div style='background-color: none transparent;'></div>

Home » » "ထက်ထက်မြက်မြက် ဦးဆောင်နိုင်စွမ်းရှိသော အမျိုးသမီး ဖြစ်လိုသူ အိန္ဒြာကျော်ဇင်"

"ထက်ထက်မြက်မြက် ဦးဆောင်နိုင်စွမ်းရှိသော အမျိုးသမီး ဖြစ်လိုသူ အိန္ဒြာကျော်ဇင်"

“ဘယ်သူပဲ ဖြစ်ဖြစ် အကောင်းဆုံး အခြေအနေ တော့ဖြစ်ချင်မှာပါပဲလေ။ အဲဒီလို ဖြစ်အောင်လို့ ကိုယ့်ဘက်ကတော့ ကြိုးစားတည်ဆောက် ရတာပေါ့။ အပြန်အလှန် နားလည်မှု၊ မေတ္တာတရား လေးနဲ့ သွားရတာပေါ့။ အူဝဲဆိုရင် ကိုပြေတီဦး အပေါ် စိတ်ကိုက အလိုလို နားလည်နေတယ်။ တခြားတစ်ယောက်နဲ့ တွဲမြင်ရလို့ သ၀န်တိုတယ် ဆိုတာမျိုး စိတ်ထဲမှာကို မဖြစ်တာ။ မဖြစ်ဘူး ဆိုတာကလည်း မချစ်လို့ မဟုတ်ပါဘူး။ သူအလုပ်လုပ်နေတာ ဆိုတာမျိုး အူဝဲစိတ်ထဲမှာ အလိုလိုလက်ခံနေတာ။ ကိုယ်ကိုယ် တိုင်ကလည်း အနုပညာ အလုပ်လုပ်နေတာ ဆိုတော့လေ၊ ကိုယ့်စိတ်က သူ့ အပေါ်အလိုလို နားလည်လက်ခံပြီး သားပါ။ ဒီလောက သားအချင်းချင်း ကိုယုံတာပေါ့နော်။ အဲဒီတော့ နားလည်မှု ပေးတယ် ဆိုတာကို အထူးတလည် လုပ်ယူရတာမျိုး မရှိဖူးပါဘူး” လို့ ဆိုတဲ့ အိန္ဒြာကျော်ဇင် က ပေါ်ပြူလာအတွက် ဓာတ်ပုံရိုက်ကူးရင်း သူရဲ့  ယုံကြည် ချက်လေးတွေကို ပရိသတ်အတွက် ဖွင့်ဟ ပြောကြားပေးပါတယ်။တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရတယ် လို့ ပြောကြ ပေမယ့် အိန္ဒြာကျော်ဇင်ကတော့ အိမ်ထောင်ပြုပြီး သမီး လေးတစ်ယောက်မွေး ပြီးတဲ့အထိ
အိမ်ထောင်တစ်ခုကို ထိန်းသိမ်း နေသလို၊ အနုပညာ အလုပ်ဘက်မှာလည်း ပရိသတ်တွေ ချစ်ခင်အားပေးနေ ဆဲဖြစ်တဲ့အတွက် စွန့် လွှတ်ရတာမျိုး မရှိဘဲ ပြည့်ပြည့် စုံစုံရတယ်လို့ ပြောရင် ရမလားဆိုတာကိုတော့ “ကိုယ်ကလည်း ဒီလို ပုံစံဖြစ်အောင် ကြိုးစားပြီး လုပ်ယူရတာပေါ့။ 
 မိသားစုအပေါ် အချိန်ပေးပြီး လုံးဝအနုပညာ အလုပ်ကို စွန့်လွှတ်လိုက်တယ် ဆိုတာမျိုးကလည်း လုပ်မယ်ဆိုလုပ်လို့ရတယ်။ ဒါပေမဲ့ အူဝဲကိုယ်တိုင်က အကုန်လုံးကို မျှတအောင်ဆိုတဲ့ ဘက်ကို သွားချင်တာဆိုတော့ ကိုယ့် ပရိသတ် အတွက်၊ ကိုယ့်မိသားစုအတွက် ဆိုတာမျိုးကို ကြားထဲကနေ အဆင်ပြေအောင် စဉ်းစားပြီး အရာရာကို ညှိနှိုင်းပြီး သွား ရတဲ့ပုံစံမျိုးလေးပေါ့။ အဘက်ဘက်ကို မလစ်ဟင်းအောင် အားပိုစိုက် ထုတ်ရတာပေါ့”လို့ပြောပါတယ်။ အမျိုးသမီးတွေဟာ ထက်ထက်မြက် မြက်နဲ့ ဦးဆောင်ခွင့် ရနေပြီဖြစ်တဲ့ ဒီနေ့ခေတ်ကြီးအပေါ် အိန္ဒြာကျော်ဇင်က “အူဝဲလည်း ထက်ထက်မြက်မြက် ရှိတဲ့ အမျိုးသမီးတစ်ယောက် တအားဖြစ်ချင်တာ။ အမေစုကို ဆိုရင်လည်း သိပ်အားကျတာ။ အူဝဲတို့ဆိုတာ အမေစုရဲ့ ခြေထောက်အောက်က အမှုန် အမွှားလောက်တောင် မရှိ ပါဘူး။ အူဝဲတို့ ဘယ်လိုမှ မလုပ်နိုင်တဲ့ အနေအထား မျိုး တွေကို အမေစု လုပ်နေတာ ဆိုတော့ တအား အားကျတယ်။ အမျိုးသမီးတွေ ကိုယ်စားပြု အဖြစ် တအား ဂုဏ်ယူစရာ ကောင်းပါတယ်”လို့ ဆိုပါတယ်။ သမီးဖြစ်သူ ပြေသုဒြာအပေါ် လက်ရှိ ဖြစ်နေတဲ့ ခံစားချက်ကို ရင်ဖွင့်လာပြန်တဲ့ အိန္ဒြာကျော်ဇင်က “သူ့ကို ချစ်တဲ့အချစ်က ဘာနဲ့မှ မတူသလို၊ သူ့အတွက် ပူနေရ တဲ့ အပူကလည်း ဘာနဲ့မှ မတူပါဘူး။ အဲ့ဒီလို ကလေးလေးက သေးသေးလေး ကနေ တဖြည်းဖြည်းကြီးလာလေ ၊ သိတတ်လာလေ ကလေးအပေါ်မှာ သံယောဇဉ် ပိုလာရလေပဲ။ မခွဲ မခွာ နေချင်လာတဲ့ စိတ်ကပိုများ လာတယ်” လို့ အိန္ဒြာကျော်ဇင် က သမီးလေး ပြေသုဒြာအပေါ် တစ်ရက် ထက်တစ်ရက် ပိုချစ် လာရကြောင်းကို ပီတိတွေနဲ့ ပြောပါတယ်။ ဝဿန်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map