သွားရောက်ကြည့်ပြီး နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ညီဖြစ်သူမောင် နိုင် နှင့် ဇနီးဖြစ်သူ မသိန်းကြည်တို့ စကားများရန်ဖြစ်သံကြားရ၍ ဇနီးဖြစ်သူအား အကျိုးအကြောင်းမေးမြန်းရာ မောင်နိုင်မှ သားဆဲ ၊ မယားဆဲ ဆဲဆိုသဖြင့် စကားများခြင်းဖြစ်ကြောင်း ပြောပြပြီး ညီဖြစ်သူ မောင်နိုင်အား ဆက်လက်မေးမြန်းရာ မောင်နိုင်မှ ဖရုံခင်းနွားဝင်စားကြောင်း နှင့် အိမ်ဝိုင်းကို ရောင်းမည် ပြောသံကြားရ၍ စကားများခြင်းဖြစ်ကြောင်းပြောပြသိရပြီး အခြေအနေတင်းမာလာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဌေးအောင်အား သွားရောက်ခ်ါပြီး ပြန်လာစဉ် ဇနီးဖြစ်သူ မသိန်းကြည်မှာ နေအိမ်အ၀င်ပေါက် အောက်တွင် ၀ဲနားရွက်အောက် ၊ မေးစေ့ နောက်စေ့အထိ ၈ လက်မခန့် အနက ၁ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်ရရှိပြီးသေဆုံးနေသည်ကိုတွေ့ရှိရသည်ဆို၏။ ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ဦးအောင်ဝင်းမှ ၎င်း၏ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်သူ၎င်း၏ ညီမောင်နိုင် ၄၂ နှစ် (ဘ) ဦးထွန်းတင်ယာကြီးတောအုပ်စု ကွင်းပေါင်းကျေးရွာနေသူအား ဥပဒေ နှင့် အညီ အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဆက်သွား ရဲစခန်း(ပ)၁၄၀/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားပြီး အမှုစစ်ရဲအုပ်စခန်းမှူးထွန်းထွန်းအောင်မှ အခင်းဖြစ်နေရာအား မြေပုံကြမ်းရေးဆွဲခြင်း ၊ ဓာတ်ပုံ မှတ်တမ်းရိုက်ကူးခြင်း ရဲလုပ်ငန်းများ ကုန်စဉ်အောင် စုံစမ်းစစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး ရဲလုပ်ငန်းပြီးပြတ်ပါက အမှုအားခိုင်မာစွာတည်ဆောက်၍ သက်ဆိုင်ရာတရားရုံးသို့ အမြန်တရားစွဲတင်ပို့နိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။
ဟင်္သာ(တောင်တွင်းကြီး)
From -HotNewsJournal


0 comments:
Post a Comment