<div style='background-color: none transparent;'></div>

Home » » "မွေးနေ့ အထိမ်းအမှတ် အဖြစ် နေရာ ၃နေရာမှာ ငွေ ၁၁သိန်း လှူတဲ့ နေ တိုး ပြင်ဦးလွင် ရှိ သူ့ ခြံမှာ ရုပ်ရှင် စတူဒီယိုဆောက် လုပ်ရန် စိတ် ကူးနေကြောင်းဖွင့်ဟ"

"မွေးနေ့ အထိမ်းအမှတ် အဖြစ် နေရာ ၃နေရာမှာ ငွေ ၁၁သိန်း လှူတဲ့ နေ တိုး ပြင်ဦးလွင် ရှိ သူ့ ခြံမှာ ရုပ်ရှင် စတူဒီယိုဆောက် လုပ်ရန် စိတ် ကူးနေကြောင်းဖွင့်ဟ"



နေတိုးက ၃၁နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် အလှူ အဖြစ် ပြင်ဦးလွင် ဒိုးပင်အောင် ကံသာ မိဘမဲ
့ ကလေးကျောင်း ကို ငွေကျပ် ၅ သိန်း၊ ပရ ဟိတ မျက်မမြင် ပညာသင်ကျောင်း ကို ငွေကျပ် ၃သိန်းနဲ့ ဘိုးသွား ရိပ်သာ ကို ငွေ ကျပ် ၃သိန်း လှူဒါန်း ခဲ့ပြီး စုစုပေါင်း ငွေကျပ် ၁၁သိန်း လှူခဲ့ ပါ တယ်။ မနက် ၈နာရီ ခွဲ မိဘမဲ့ ကလေးကျောင်း ကို ရောက်သွား တဲ့အခါ မှာ တော့ကလေးတွေက နေတိုးရောက်လာလို့ ပျော်ရွှင်နေကြတာကိုတွေ့ရှိရသလို၊ နေတိုးက သူတို့ကိုစကားတွေရင်းရင်း နှီးနှီးပြောတဲ့အခါ မှာတော့ သူတို့အပျော်က အထွတ်အထိပ် ရောက်နေကြတာပါ။ သူတို့အားလုံးနဲ့ ဓာတ် ပုံရိုက်ပြီး ပြန်ထွက်တဲ့အခါမှာတော့ နောက် တစ်ခါ လာဖို့၊ အကယ် ဒမီတွေရဖို့၊ ကျန်းမာ ဖို့ စတဲ့ ဆုတောင်းသံ တွေညံပြီး ကျန်ခဲ့ ပါတယ်။ အဲ ဒီနောက် ပရဟိတ မျက်မမြင်ကျောင်း ကို ရောက်တဲ့ အခါ မှာေ တာ့ နေ တိုး ရုပ်ကို မမြင် ရပေမယ့် နေတိုး အသံကို ကြားချင်လို့ လာ နားထောင်တဲ့ မျက်မမြင် တချို့ ကိုလည်း တွေ့ ရှိခဲ့ ရပြီး နေတိုး အသံနဲ့ သူတို့ ပျော် ရွှင်နေတာ ကို လည်း တွေ့မြင် ခဲ့ရပါ တယ်။
အဲဒီနောက် ဘိုးဘွား ရိပ်သာ ကို ငွေလှူပြီး အချိန် မရတာ ကြောင့် ရှုတင်ကို တန်းပြေးခဲ့ တဲ့ နေတိုး ကို အလှူနဲ့ ပတ်သက်ပြီး နောက် တစ်ရက်မှာ မေး တော့ "တကယ် လိုအပ်နေ တဲ့ နေရာမှာ ကိုယ် လုပ်ပေးနိုင်တဲ့ အနေ အထားနဲ့ ကြုံလို့ လှူဒါန်းဖြစ် တာပါ။ ဘယ်နေရာ မှာ မဆို လိုအပ်မှုလေးတွေ ရှိတာပါပဲ။ အဲဒီ လိုအပ် မှု လေးတွေ ကို မွေးနေ့ အဖြစ် ဖြည့်ဆည်း ခွင့်ရလို့ ကျေနပ် စရာကောင်း တယ်"လို့ ပြောပါတယ်။ နေတိုးက ပြင်ဦးလွင်မှာရှိတဲ့သူခြံမှာ ဇာတ် ကားေ တွ ရိုက် ကူးဖို့ ဆက်တင် တွေဆောက် မယ်လို့ ကြားသိ ရ တာေ ကြာင့်ေ မး ကြည့်တော့ "ကျွန်တော်က ရာသီ ဥတု အနေ အထားကို လည်း ကြိုက် တယ်။ မြန်မာနိုင်ငံမှာ အကြိုက် ဆုံးမြို့ကို ပြောပါ ဆိုရင် ပြင်ဦးလွင် ပဲ။ ရာသီဥတု၊ ရေ၊ မြေ၊ တော၊ တောင်တွေ က လှတယ်။ ပြီးတော့ အဆောက် အအုံတွေ ဆို လည်း Classic ဆန်တဲ့ပုံစံတွေ ၊ ခေတ်မီတဲ့ ပုံစံ တွေ အကုန် ရှိတယ်။ လမ်းပန်း ဆက်သွယ်ရေး ဆိုလည်း ကောင်းမွန် တယ်။ ကျွန်တော့် စိတ်ထဲ မှာဖြစ်ချင် တဲ့ ပုံစံတွေ ဒီမှာ အကုန်ဖြစ်နေတာ ကြောင့် ဒီမှာ ဆက် တင်တွေ ဆောက်ဖို့စိတ်ကူး ဖြစ်တာပါ။ ရုပ်ရှင် အဖွဲ့သားတွေက လည်း ဒီ ကိုလာပြီး ရိုက်ကြတယ်။ ဒီနေရာဟာ ရုပ်ရှင် အဖွဲ့သားတွေ အနုပညာ ဖန်တီး တဲ့အခါမှာ အကျိုးရစေ တဲ့နေရာဖြစ် တာကြောင့် မီနီစတူ ဒီ ယိုဖြစ်ဖြစ် ၊ နယ် ဇာတ် တွေ ရိုက်ကူးနိုင်ဖို့ ဆက်တင်လေးတွေ လုပ်မယ် လို့ စိတ်ကူး တာ ပါ" လို့ ပြောပါတယ်။ နေတိုးက သူတစ်ယောက် တည်း လုပ် မယ် ဆိုရင် အချိန်တွေ အများကြီး ပေးရမှာဖြစ်ပြီး ရုပ်ရှင်က သူငယ် ချင်းတွေ စု စည်းပြီး လုပ်မယ် ဆိုရင်တော့ ပိုမြန်မယ် လို့ ထင် ကြောင်း၊ သူတို့တွေ လည်း တိုင်ပင်ဦး မှာဖြစ် ကြောင်းပြောပြ ခဲ့ပါ တယ်။

နေကွန်းထင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map