<div style='background-color: none transparent;'></div>

Home » » သရုပ်ပျက်ဝတ်စားဆင်ယင်မှုအတွက် ကိုယ့်တာဝန် ကိုယ်ယူကြရန်ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ လူမင်းမှာကြား

သရုပ်ပျက်ဝတ်စားဆင်ယင်မှုအတွက် ကိုယ့်တာဝန် ကိုယ်ယူကြရန်ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ လူမင်းမှာကြား

သရုပ်ပျက်လာသည့် မြန်မာသရုပ်ဆောင်များ၏ ၀တ်စားဆင်ယင်မှုအား လက်ရှိအချိန်အထိ စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရှိရသည်။


သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများက သရုပ်ပျက်ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ သတိပေးတားမြစ်ချက်များရှိလာပါက ဖန်တီးသူ ကိုယ်တိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌကဆိုသည်။

“အနုပညာဆိုတာ လွတ်လပ်စွာတွေးခေါ် ဖန်တီးခွင့်ရှိရမယ်ဆိုတာ အခြေခံအချက်ရှိတယ်။ ဘယ်လိုမပြောရဘူး ၊ ဘယ်လိုမဆိုရဘူး ၊ ဘယ်လို မ၀တ်ရဘူး မစားရဘူးဆိုတာ ကျွန်တော်တို့အစည်းအရုံးအနေနဲ့ စည်းကမ်းချက်တွေသတ်မှတ်ပြီး ပြဌာန်းပြီး သတ်မှတ်ဖို့ မရှိဘူး။ လွတ်လပ်ပွင့်လင်းလာတာနဲ့အမျှ လူတိုင်းက ကိုယ့်တာဝန် ကိုယ်ယူရမှာဘဲ ဥပမာလွတ်လွတ်လပ်လပ်ပြောဆို ရိုက်ကူးရင်းနဲ့ ဌာနဆိုင်ရာ တစ်ဦးဦးပဲဖြစ်ဖြစ် ပုဂ္ဂိုလ်တစ်ဦးဦးပဲဖြစ်ဖြစ် ထိခိုက်တာမျိုးဖြစ်လာခဲ့ရင် အဲ့ဒီလူကို ဌာနဆိုင်ရာက တရားစွဲခဲ့မယ်ဆိုရင်ပေါ့ ဖန်တီးတဲ့လူကပဲ တာဝန်ယူပြီး ဖြေရှင်းရမယ်။ “ ဟု ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ လူမင်းက ပြောသည်။


မြန်မာနိုင်ငံသည် လွတ်လပ်ပွင့်လင်းလာခြင်းနှင့်အတူ လွတ်လပ်စွာ ၀တ်စားဆင်ယင်ခြင်းအား လက်ခံနိုင်သော်လည်း မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုကို ပျောက်ကွယ် မသွားစေရန် ထိန်းသိမ်းရန် လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

“၀တ်တာကတော့ ခေတ်နဲ့အမြင်ဝတ်တာပါ။ လူငယ်တွေအတုခိုးတယ် မခိုးဘူးဆိုတာကတော့ တခြားနိုင်ငံခြားကားတွေမှာလည်း ၀တ်နေကြတာပဲ။ ဇာတ်လမ်းဇာတ်ကွက်အရ ၀တ်စားဆင်ယင်တာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာကတော့ အရှေ့မှာ cover လေး တစ်ခုရှိတယ်။ စကတ်တိုဝတ်သင့်တဲ့နေရာမျိုးဆိုရင်လည်း ၀တ်ရမှာပေါ့နော်။ ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ၀တ်ရမယ်၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကိုလည်း မပပျောက်စေချင်ဘူး။ မြန်မာဆိုတဲ့ဂုဏ်လေးနဲ့ သရုပ်ဆောင်တွေက ထိန်းထိန်း သိမ်းသိမ်းလေး လုပ်သင့်တယ်“ ဟု ရုပ်ရှင်သရုပ်ဆောင် မြင့်မြင့်ခိုင်က ၄င်းအမြင်ကို ပြောသည်။

ရုပ်ရှင်သရုပ်ဆောင်များအနေဖြင့် ဇာတ်လမ်းဇာတ်ကွက်အရ စကတ်တိုများ ၀တ်ရသည်မှာ မှန်သော်လည်း မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်သွားသည် အထိ မ၀တ်သင့်ကြောင်းနှင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ကြောင်း ၀ါရင့်ရုပ်ရှင်အနုပညာရှင်အချို့က အကြံပြုပြောဆိုသည်။

လူငယ်များအနေဖြင့် စကတ်တိုနှင့် ဂျင်းဘောင်းဘီများ ၀တ်ဆင်ခြင်းသည် ဖက်ရှင်ကျပြီး လွတ်လပ်ခြင်းတို့ကို ခံစားရသောကြောင့် ၀တ်ဆင်လာခြင်းဖြစ်ကြောင်း ဆယ်ကျော်သက်လူငယ်များထံက သိရှိရသည်။

“ပြောမယ်ဆိုရင် အဆင့်အတန်းမြင့်လာတာပေါ့။ အဲ့လိုဝတ်တာကတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ မြန်မာကားတွေမှာတော့ သိပ် မ၀တ်စေလိုဘူး။ လူမြင်ရင် ဟိုဒင်းဖြစ်မှာ ကြောက်လို့။ ဒါပေမဲ့လည်း အပြင်မှာ လူတိုင်းက ၀တ်နေကြတာပဲလေ ၀တ်ချင်စားချင် ကြတာပဲ” ဟု လှည်းတန်း DJ Jean ဘောင်းဘီဆိုင်သို့ လာရောက်ဈေးဝယ်သူတစ်ဦးက ပြောသည်။

လူငယ်အချို့မှာ ခေတ်မီစွာဝတ်စားဆင်ယင်ခြင်းနှင့်ပတ်သက်၍ ဖက်ရှင်ကျသည်ကို ကြိုက်နှစ်သက်သော်လည်း မြန်မာ့ရုပ်ရှင်ကားများတွင် မသင့်လျော်သည့် ပုံစံများဖြင့် မရိုက်ကူးသင့်ကြောင်း အသက်အရွယ်ကြီးမားသူများက အကြုံပြုပြောဆိုကြသည်။

REF: Shwe Myit Makha Media Group
Posted by Admin-HWH

By News of Myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map