<div style='background-color: none transparent;'></div>

Home » » ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်တွင်အသက်(၅၆)နှစ်အရွယ်ရှိပုပ်ပွနေသောအမျိုးသားတစ်ဦးအလောင်းတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်တွင်အသက်(၅၆)နှစ်အရွယ်ရှိပုပ်ပွနေသောအမျိုးသားတစ်ဦးအလောင်းတွေ့ရှိ

အလုံမြို့နယ်စော ရန်ပိုင်တောင်ရပ်ကွက် ငုဝါလမ်း၊ တိုက် ၂၄ ၊ ပထမထပ်တွင် တစ်ဦးတည်း နေထိုင်သူ ဦးတင်ထွန်း အသက်(၅၆)နှစ်သည် တိုက်ခန်းတွင် သေဆုံးနေကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။ သေဆုံးသူတွင် နှလုံး၊ ဆီးချို၊ သွေးတိုးေ ရာဂါနှင့် လေဖြတ်ဝေဒနာများရှိသည်ဟု ၄င်းဆွေမျိုးများ ၏ ပြောကြားချက်အရ သိရသည်။



ထို့အပြင်သေဆုံးသူမှာ အကြမ်းဖျင်းအားဖြင့် ရောဂါနှင့် သေဆုံးခြင်းဖြစ်ကြောင်း ၊ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရကြောင်း၊ စက်တင်ဘာလ ၂၄ နံနက်ပိုင်းတွင် တိုက်အောက်သို့ ဆင်းလာသည်ကို ပတ်ဝန်းကျင်နေသူများမှ တွေ့ရှိလိုက်သည့်အတွက် သေဆုံးနေသည်မှာ သုံးရက်ခန့် ရှိနိုင်ကြောင်း လက်ရှိတွင်သေမှုသေခင်းသာ ဖွင့်လှစ်၍ စစ်ဆေးနေကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ သေဆုံးသူ၏ ရုပ်အလောင်းအား ည ၁၁ နာရီ ၂၀ မိနစ်တွင် သယ်ဆောင်သွားကြောင်း သိရသည်။
eleven media group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map