<div style='background-color: none transparent;'></div>

Home » » မြောက်ဥက္ကလာပတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မြောက်ဥက္ကလာပတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မြောက်ဥက္ကလာပ မြို့နယ် ၂ ရက်ကွက်သုဇိတာ လမ်းမရှိ တံတား တစ်ခုပေါ်တွင် ကြမ်းပြင်နှင့် ခြေထောက်ထိလျက် အမျိုးသားတစ်ဦး ကြိုးဆွဲချသည့် သဏ္ဍန်ဖြင့်


စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက သေဆုံးသွားကြောင်း မျက်မြင်
 တွေ့ရှိသူများထံမှ စုံစမ်း သိရှိရသည်။


အဆိုပါ သေဆုံးသူ၌ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှ မတွေ့ရဘဲ ဝဲယာလက်မ လက်ချောင်း
များ ကွေးနေပြီး ၎င်းဝတ်ဆင်ထားသော ပုဆိုးအား လည်ပင်းတွင် ချည်နှောင်၍
တံတား သံဘောင်ကို ချိတ်ကာ သေဆုံးနေသည်ကို ယင်းနေ့ည ၉ နာရီ ၄၅
မိနစ်ခန့်တွင် ပတ်ဝန်းကျင်မှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းအနီး၌ နေထိုင်
သူများက ဆိုသည်။

The Voice Weekly  News
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map