<div style='background-color: none transparent;'></div>

Home » » ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ မူဆလင်လူမျိုးများဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ မူဆလင်လူမျိုးများဆန္ဒပြ

မွတ်ဆလင်မ်လူမျိုး ၃၀၀ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက်ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင်
စတင်ချီတက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။


အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်ထားသော ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုမှာ အွန်လိုင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်း ပြန့်နှံ့ခဲ့ရာ မွတ်ဆလင်မ်တို့၏ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုမှတစ်ဆင့် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရသည်။

အစ္စလာမစ်နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အချို့နိုင်ငံများမှ ဆန္ဒပြမှုများမှာ အကြမ်းဖက် တိုက်ခိုက်မှုအသွင်ဆောင်ခဲ့ပြီး အမေရိကန်သံရုံးများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပြုလုပ်ခဲ့သော ဟစ်ဇ်ဘိုလာအုပ်စုက ဦးဆောင်သည့် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူပေါင်းတစ်သိန်းခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

By Planet Myanmar Network
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map