<div style='background-color: none transparent;'></div>
Home » » မလေးရောက်ရွှေမြန်မာများ မလေးရှား မြန်မာသံရုံး အနီးတွင် ဆန္ဒပြ
မလေးရောက်ရွှေမြန်မာများ မလေးရှား မြန်မာသံရုံး အနီးတွင် ဆန္ဒပြ
ခိုင်မောင်ဦး(မလေး)
မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်မြို့ မြန်မာ သံရုံး အနီးတွင် မြန်မာနိုင်ငံသားများက ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရန်၊ ကချင်စစ် ရပ်စဲရန်နှင့်
 ကျန်ရှိ နေသေးသော နိုင်ငံအရေးအကျဉ်းများ လွှက်မြောက်ရန်  စသည့် အရေးများ
 အတွက် ယနေ့ နံနက်က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။
ဆန္ဒပြရသည့်  အကြောင်းအရင်းမှာ အချက် (၅) ချက်ကို လိုလားသဖြင့် တောင်းဆို
ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးဆောင်ဆန္ဒပြသူ ၈၈ မျိုးဆက် ကျောင်းသား
ကိုအောင်ကြီးက နိရဉ္စရာသို့  ပြောသည်။
 ဖြစ်နေတဲ့ စစ်ပွဲတွေ ချက်ချင်းရပ်တန်းပေးဖို့ ၊ နောက်တစ်ခုကတော့  စစ်ကိုင်းတိုင်း
  မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး ကို 
လုံးဝရပ်တန်ပေးဖို့နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်း သမားတွေကို အမြန်ဆုံး
 ပြန်လည် လွှတ်ပေးဖို့ ကျနော် မလေးရှားမှာရှိတဲ့  မြန်မာသံရုံးရှေ့ မှာ လာပြီးတော့
ဆန္ဒပြရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ဆန္ဒပြသူများက မြန်မာ အစိုးရကို အချက် (၅ ) ကိုလည်း စာရေး  တောင်းဆိုခဲ့
သည်ဟု သိရသည်။
ယင်းတောင်းဆိုချက် (၅)  ချက် မှာ
၁။ ကချင် စစ်ပွဲ လုံးဝ ရပ်ဆိုင်း ပေးရန်။
၂။  ပြည်တွင်းစစ်ကို အပြီး ငြိမ်းသတ်ပေးရန်။
၃။ မုံရွာခရိုင် ဆားလင်းကြီးမြို့
နယ် လက်ပံတောင်းတောင်
 ကြေးနီစီမံကိန် ဆက်လက် အကောင်ထည် ဖေါ်ဆောင်
 နေမူကို လုံးဝရပ်တန့် ပေးရန်။
၎။ ဖမ်းဆီးထိန်းသိမ်းခံ တက်ကြွလှုပ်သူများနှင့် ကျန်ရှိနေသေးသောနှိုင်ငံရေး
အကျဉ်း သားများကို ချွင်းချက် မရှိ လွက်ပေးရန်။
၅။ နိုင်ငံတကာ စံချိန် စံနုန်း အတိုင်း လွတ်လပ် ပွင့်လင်း မြင်သာသော
ဒီမိုကရေစီ ကျင့်စဉ် အတိုင်း လုပ်ဆောင်ရန်နှုင့် ၂၀၀၈ ခြေခံဥပဒေကို
 ပြင်ဆင်ပေးရန် တို့ကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ယင်းတောင်းဆိုချက် (၅) ချက်ကို  မြန်မာသံရုံးသို့ ပေးအပ်ခဲ့သည်ဟု
 သိရသည်။
ဆန္ဒပြတောင်းဆိုမူကို မလေးရောက် ၈၈မျိုးဆက် ကျောင်းသား လူငယ်များနှင့်
အထွေထွေ သပိတ် ကော်မတီက ဦးဆောင် ပြုလုပ်ခြင်း ဖြစ်သည်
ဟုသိရသည်။
ဆန္ဒပြရာတွင် လူပေါင်း  လူ၅၀ ကျော် ပါဝင်ပြီး ဆန္ဒပြပွဲကို နံနက် ၁၀ နာရီခွဲမှာ
စတင်ကာ ၁၁ နာရီတွင် အဆုံးသတ်ခဲ့ကြသည်ဟု သိရသည်။
နိရဉ္စရာ 
Share this article :
0 comments:
Post a Comment
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map