ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ ရွှေဆိုင် တစ်ဆိုင်အား ဝင်ရောက် လုယက်သူ များမှာ မြန်မာ အလုပ်သမားများဖြစ်နိုင်ကြောင်း ယမန်နေ့ထုတ် သတင်းစာတို့တွင် ရေးသားဖေါ်ပြထားသည် ။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် လုယက်မှု ဖြစ်ပွားခဲ့ရာ ရွှေဆိုင်ရှိ ရွှေ အလေးချိန်၁၅၀ ကျပ်သား၊ ထိုင်းဘတ်ငွေ ၄ သန်း နီးပါးရှိကြောင်း သတင်းတွင်ရေးသားထားသည်။ ရွှေဆိုင်တွင် ဝင်ရောက်လုယက်စဉ် အသုံးချသော ဆိုင်ကယ်အား လှေလုပ်သားများ၏ အခန်းနံဘေးတွင် တွေ့ ရပြီး အင်္ကျှီအိတ်ကတ် ထဲတွင် ရွှေဆွဲကြိုး၁ ကျပ်သား တစ်ကုံး ၅ကျပ်သား တစ်ကုံး လေသေနတ် တလက် တွေ့ရှိခဲ့သည်။
၁၆ ရက်နေ့က ဖူးခက်မြို့လတ်စဒါ ရပ်ကွက် နယ်မြေ (၇) လမ်းသွယ် (၁၀ ) အနီး တဝိုက် တွင် လိုင်စဉ်အမှတ် ၈၁၀ Honda ဆိုင်ကယ်အနီရောင်တစ်စီးက လမ်းကြောင်းလာကြည့် သွားခဲ့ကြောင်း လုံခြုံရေးကယ်မရာများတွင် စစ်ဆေးတွေ့ ရှိရသည်။
အမှုမှန်ပေါ်ပေါက်ရန်အတွက် နယ်မြေပုလိပ် အယောက်တစ်ရာ နီးပါး လိုက်ရှာသော်လည်း လုယက်သူများကိုမဖမ်းဆီးနိုင်ခဲ့ချေ။ လုယက်သူများမှာ လှေဆိပ်ဘက်သို့ထွက်ပြေး လွတ်မြောက် သွား ခဲ့သဖြင့် ငါးဖမ်းလှေပေါ်တွင် အလုပ် လုပ်နေသောမြန်မာ လှေလုပ်သား များဖြစ်နိုင်ကြောင်း တင်မြင်ချက် အမျိုးမျိုးပေးနေကြသည်။ ထိုင်းလူမျိုးလဲ ဖြစ်နိုင်သည်ပာု သက်ဆိုင်ရာ နယ်မြေရဲ စခန်းက ခေါင်စွတ်၊ ထိုင်းရပ်နှင့်ဒေးလီးနယူးသတင်းစာများ သို့ပြောပြခဲ့သည်။
18Sep2012
Golden Worker
Updates +++
4 years ago
0 comments:
Post a Comment