<div style='background-color: none transparent;'></div>

Home » » ရန်ကုန်မြို့လယ်၊ အနော်ရထာလမ်းနှင့် ၂၅၊ ၂၆ လမ်းထိပ်မှာစိတ်ဝေဒနာရှင် တစ်ဦးကြောင့် အမျိုးသမီးတစ်ချို့ ကာယိအိနြေ္ဒပျက်

ရန်ကုန်မြို့လယ်၊ အနော်ရထာလမ်းနှင့် ၂၅၊ ၂၆ လမ်းထိပ်မှာစိတ်ဝေဒနာရှင် တစ်ဦးကြောင့် အမျိုးသမီးတစ်ချို့ ကာယိအိနြေ္ဒပျက်

ရန်ကုန်၊ စက်တင်ဘာ ၁ ရက်  ရန်ကုန်မြို့လယ်၊ အနော်ရထာလမ်းနှင့် ၂၅၊ ၂၆ လမ်းထိပ်တို့တွင် ယခုလ ၁၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှစ၍ အသက်၃၀ကျော် အရွယ် စိတ်ဝေဒနာရှင် တစ်ဦး ရောဂါဖောက်ကာ သောင်းကျန်းခဲ့၍ ခရီးသွား အမျိုးသမီး နှစ်ဦးထက် မနည်း ကာယိအိနြေ္ဒ ပျက်ယွင်း ခဲ့ရကြောင်း ယင်းလမ်းနေသူ မျက်မြင်များနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန စည်
ပင် ဝန်ထမ်းများက ပြောကြားသည်။

၎င်းသည် ယင်းနံနက်ပိုင်းတွင် အနော်ရထာလမ်းတွင် သွားလာနေသော မော်တော်ယာဉ်များကို ကန်ကျောက်ခြင်း၊ ကိုယ်တုံးလုံးချွတ် လမ်းပေါ်တွင် သွားလာနေခြင်းများ ပြုလုပ်လျှက် ရှိရာမှ လမ်းသွား လမ်းလာ အမျိုးသမီး သုံးဦးထဲမှ တစ်ဦးကို နောက်မှနေ၍ ထမီလှန်ကာ ဆွဲချွတ်ခြင်း၊ နောက်တစ်ဦးအား ရင်ဘတ်ကို ဆွဲကိုင်ကာ ဝတ်ထားသော အကျီကို ဆွဲချွတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း စည်ပင်ဝန်ထမ်းနှင့် မျက်မြင်များက ဆက်လက် ပြောကြားသည်။

’ရှေ့ပိုင်းတုန်းကတော့ ကားတွေကို ခြေထောက်နဲ့ ကန်နေတာ၊ နောက်မကြာဘူး အမျိုးသမီးနှစ်ဦးကို ထမီချွတ်တာ ရင်ဘက်ကိုင်တာ လုပ်တော့ လမ်းက လူတွေက မနေနိုင်တော့ဘဲ ထိုးကြိတ်တာတွေ ဖြစ်ကုန်ရော၊ လူတွေလဲ အုန်းအုန်းကျွက်ကျွက် ဖြစ်ရော၊ ဒါနဲ့ မဖြစ်တော့တာနဲ့ ရဲနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ချုပ်ပြီး ၂၅ လမ်းထိပ် အပင်အောက်မှာ ထားထားတာ ခုတော့ စည်ပင်နဲ့ ရဲနဲ့ စိတ်ကျန်းမာရေး ဆေးရုံကို သွားပို့ကြတယ်’’ဟု စည်ပင်မှ အရာထမ်း တစ်ဦးက ယင်းနေ့ နံနက်၁၀နာရီ ၅မိနစ်တွင် အဖြစ်အပျက်ကို ပြန်လည် ပြောဆိုသည်။

အဆိုပါ စိတ်ဖောက်ပြန်နေသူသည် မည်သည့် အရပ်က လာသည် အမည်မည်သူ ဖြစ်သည်ကို မသိရှိကြောင်း ယင်းဝန်းကျင် နေသူများက ပြောကြားသည်။

TheVoiceWeeklyသို့ သတင်းပေးသူ အဆိုပါ လမ်းတွင် နေသူ တစ်ဦးက ပြောဆိုရာတွင် ၎င်းသည် ယင်းသို့ မဖြစ်မီက ယခု ပတ်ဝန်းကျင်သို့ လာရောက်ကာ သောင်းကျန်းလျက် ရှိရာ နောက်ထပ် မလာရန် ပြောဆို ထားခဲ့သဖြင့် လပိုင်း အနည်းငယ် ပျောက်နေရာမှ ယနေ့တွင် ယခုကဲ့သို့ ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း အသိပေး ပြောကြားသည်။

’သူ့ကို တော်တော်နဲ့ ထိမ်းလို့ မရဘူး လူကောင်လဲကြီး အသက်ကလဲငယ် သန်တာကလည်း တော်တော်သန်တော့၊ ပုဆိုးမရှိ ဘာမရှိနဲ့ ဆိုတော့ ပတ်ဝန်းကျင်မှာ အမြင်မတော်ဘူး။ ခုတော့ ဆေးရုံကို ပါသွားတာ တွေ့လိုက်တယ်’’ ယင်းနေရာ ဝန်းကျင်ရှိ အသက် ၅၀ အရွယ် လမ်းဘေး ဈေးသည် အမျိုးသမီး တစ်ဦးက ဆိုသည်
From -TheVoiceWeekly
Share this article :

2 comments:

ကမ္ဘာငယ်လေး said...

သတင်းလေး ဖတ်သွားတယ် ကျေးဇူးနော် ချစ်ကိုလေး။

ကမ္ဘာငယ်လေး said...

အမြဲ လိုလို အားပေးနေမယ် နော် ချစ်ကိုလေး။

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map