<div style='background-color: none transparent;'></div>

Home » » ပြည်မြို့ မြို့မဈေးကြီး တွင် သန့်ဇင်ကျော် (ဈေးအရာအရှိ) မူးရစ်ရမ်းကား ဆဲဆိုမှုဖြစ်ပွား(ပေးစာ)

ပြည်မြို့ မြို့မဈေးကြီး တွင် သန့်ဇင်ကျော် (ဈေးအရာအရှိ) မူးရစ်ရမ်းကား ဆဲဆိုမှုဖြစ်ပွား(ပေးစာ)

ယနေ့မနက် (၁၀) နာရီခန့်တွင် ပြည်မြို့ မြို့မ ဈေးကြီး (ဗျတ်ထိုးဝန်းအတွင်း) ဈေးအရာရှိ သန့်ဇင်ကျော် မှ ဈေးသူဈေးသားများ အပါအ၀င် ဈေးဝယ်သူများကို မူးရစ်ရမ်းကား (အရက်နံတထောင်းထောင်း) ဆဲဆိုကြမ်းတမ်းစွာ သောင်းကြမ်းမှုဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ဈေးအရာရှိ သန့်ဇင်ကျော် မှာ အရက်အလွန်အကျွန်မူးနေပြီး ဈေးအတွင်း တစ်ဦးထဲ ယူနီဖောင်းဝတ်စုံမပါ တာဝန်ချိန်မဟုတ် ဈေးမိဈေးဖမပါ ဈေးစည်းကမ်းထိမ်းသိမ်းရေးမပါ
ဝင်ပဲ မူးရစ်ရမ်းကား ကြမ်းတမ်းစွာဆဲဆို ခဲ့ပါတယ်။
ဈေးအတွင်းရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်သူများတစ်ချို့မှာ ဒေါသမထိန်းနိုင်ပဲ ရုန်းရင်းဆန်ခတ်အခြေအနေမျိုးဖြစ်ပေါ်သကဲ့သို့ဖြစ်ပွားခဲ့ပါတယ်။ ထိုသို့ဖြစ်စဉ် ဈေးအတွင်းရှိ လူကြီးတစ်ချို့၏ ထိမ်းသိန်းဖြောင့်ဖြမှုကြောင့် ဆိုးဆိုးဝါးဝါးအခြေအနေမဖြစ်ခဲ့ပါ။ အားလုံးမကြေနပ်ချက်ကိုယ်စီဖြင့် သည်းခံခဲ့ကြရပါတယ်။
ယခု ပြည်မြို့ မြို့မဈေးကြီးတွင် ဈေးသူဈေးသားများမှာ စီးပွားရေး မကောင်းကြပဲ ကိုယ်ဝမ်းကိုယ်မနည်းကြိုးစားရှာဖွေရပ်တည်နေကြရပါတယ်။ ကိုယ်ရောင်းဝယ်နေသော ဆိုင်ဆက်လက်တည်မြဲနိုင်ရေးကို အားကန်ကြိုးစားရပ်တည်နေကြရပါတယ်
ထိုသို့ဖြစ်ရသော အကြောင်းအရင်းတရပ် ရှိပါတယ်။ ဈေးအတွင်းရှိဈေးသူဈေးသားများမှာ ဆိုင်ခန်းပိုင်ရှင်များနှင့် ဆိုင်ခန်းငှားရမ်းထွက်ရှိနေသူများဖြစ်ပြီး နိုင်ငံတော်မှ တရားဝင်ချမှတ်ထားသော ဆိုင်ခန်းများတွင် နိုင်ငံတော်သို့ တရားဝင် အခွန်ဆောင်ကာ ရောင်းဝယ်နေသည့် ဈေးသည်များဖြစ်ကြပါတယ်။
လွန်ခဲ့သော (၂) နှစ်ခန့်မှစပြီး ဈေးဝန်းအပြင် ဈေးသွားဈေးလာလမ်းများတွင် တရားမ၀င် လမ်းဘေး ကားလမ်းမအပါအ၀င် ဈေးသူဈေးသား ဈေးသွားဈေးလာများ အပ်နှံထားရှိသည့် (စက်ဘီးအပ်ရုံ၊ ဆိုင်ကယ်အပ်ရုံ) များတွင် ဈေးအရာရှိများမှ ဆိုင်ခန်းအကွက်များရိုက်ပြီးရောင်းချမှုများ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါထိုအခန်းများမှာ ယခုဆိုလျှင် ( ၅) ပေပတ်လည်ခန့်ကို သိန်း (၃၀) ခန့်ပေါက်ဈေးရှိနေပါတယ်။
ထိုကြောင့် ပြည်မြို့ မြို့မဈေးကြီး အပြင်တွင် တရားမ၀င်ဆိုင်ခန်းများ နေရာလွန်မကျန်အောင် များပြားနေပြီး ဈေးအ၀င်အထွက်လမ်းများ ပိတ်ဆို့ခြင်း မတော်တဆ ယာဉ်သွားယာဉ်လာများ ထိခိုက်မှုများဖြစ်ပေါ်ခြင်း မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။
လမ်းပေါ်နှင့် လမ်းဘေးဝဲယာတွင် ထိုသို့ တရားမ၀င် မြေဆိုက်တိုင်များ၊ ဆိုင်ခန်းဖွဲ့ဆည်းခြင်းများရှိနေမှုကြောင့် လမ်းများပိတ်ဆို့ခြင်းအပြင် ဈေးအတွင်း တရားဝင်ဆိုင်ခန်းများမှာ ထွက်ရှိရောင်းချနေသောဈေးသူဈေးသားများမှာ ဈေးအတွင်းဈေးဝယ်သူများမ၀င်တော့ပဲ လွန်စွာစီးပွားရေးအကျပ်အတည်းသို့ရောက်ရှိနေကြရပါတယ်။
ဈေးဝန်းအပြင်ရှိဆိုင်ခန်းများမှာ အဆမတန်များပြားပြီး ဈေးတခုလုံးကို ပိတ်ဆို့ထားသဖွယ် ဖြစ်နေပါတယ်။ ပြည်မြို့ မြို့မဈေးကြီးရှိ စက်ဘီးအပ်ရုံ ဆိုင်ကယ်အပ်ရုံများမှာလည်း ဆိုင်ခန်းအကွက်ရိုက်ရောင်းချမှုများကြောင့် သတ်မှုတ်ထားသောနေရာတွင် စက်ဘီး ဆိုင်ကယ်များ ထားရှိမှုမရှိတော့ဘဲ လမ်းပေါ်သို့ပင်ရောက်ရှိနေပြီး အမိုးအကာများဖြင့် တပ်ဆင်အသုံးပြုသည့် အခြေအနေထိတောင်ဖြစ်ပေါ်နေပါပြီ။
ပြည်မြို့တွင် ပြန်ကျဈေးသည်များထားရှိရာ အချို့ဈေးများတွင် ဈေးဟုသတ်မှတ်ရန်ပင် ခက်ခဲသောအနေအထားမျိုးဖြစ်ကုန်ပြီး ဈေးများပျက်လုနည်းပါးဖြစ်ကုန်ကြပါပြီ။
ထိုအပြင် ဈေးဝန်းအပြင်ရှိတရားမ၀င်ဆိုင်ခန်းများကို လွတ်လပ်စွာ စည်းကမ်းမရှိ ရောင်းဝယ်ခွင့်များပေးထားပြီး ဈေးဝန်းအတွင်းရှိ နိုင်ငံတော်မှ တရားဝင်ဆိုင်ခန်းများ (နိုင်ငံတော်သို့ တရားဝင် အခွန်ဆောင်) ကို မကြာခဏဆိုသလို ဆူပူကြိမ်းမောင်းခြင်း အကြောင်းကိစ္စမရှိ အာဏာပြခြင်း များကိုပြုလုပ်ခဲ့ပါတယ်။
သို့ပါသဖြင့် နိုင်ငံတော် သမတ္တကြီးနှင့်တကွ  တာဝန်ရှိဌာနဆိုင်ရာ အသီးသီးမှ ထိုပြဿနာရပ်များကို အမြန်ဆုံးဖြေရှင်းပေးပါရန် အနူးအညွတ်တောင်းဆိုအပ်ပါသည်။
pyaymyanmar
Share this article :

1 comments:

Unknown said...

ဒါမျိုးသတင်းတွေကို up to date တင်ပေးပါသလား..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map