Home »
သတင်း
» စမ်းချောင်းမြို့နယ်ပြည်လမ်းပေါ်ရှိအထက(၂)အခြေခံပညာအထက်တန်းကျောင်း (စိန့်ဖလိုး)ရှေ့တွင်ဗုံးတွေ့ခြင်းမှာကောလာဟလများသာဖြစ်
စမ်းချောင်းမြို့နယ်ပြည်လမ်းပေါ်ရှိအထက(၂)အခြေခံပညာအထက်တန်းကျောင်း (စိန့်ဖလိုး)ရှေ့တွင်ဗုံးတွေ့ခြင်းမှာကောလာဟလများသာဖြစ်
စမ်းချောင်းမြို့နယ် ပြည်လမ်းပေါ်ရှိ အထက(၂) အခြေခံပညာအထက်တန်းကျောင်း(စိန့်ဖလိုး) ရှေ့တွင် တွေ့ရှိသည့် သံသရရှိနာရီမှာ ဗုံးလုံးဝမဟုတ်ကြောင်း စမ်းချောင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြားသည်။
"ဘာမှ မဟုတ်ပါဘူး။ ရိုးရိုးနာရီအသေးလေးတစ်လုံးပါ။ မိန်းမပတ်အ၀ိုင်းသေးသေးနာရီပါ။ စတီးရောင်ပါ။ အဲဒီမှာ အခု လူတွေလည်း အုပ်စုလိုက်ရှိမနေပါဘူး။ အေးရာအေးကြောင်းပါပဲ။ ရိုးရိုးနာရီလေးတစ်ခုပါဗျာ" ဟု ၄င်းကပြောသည်။
စိန့်ဖလိုးရှေ့တွင် ဗုံးတွေ့သည်ဆိုသည့် ကောလာဟလများ နံနက်ပိုင်းကျောင်းများဆင်းချိန် နေ့လည် ၁၂ နာရီကျော်ခန့်က စတင်ထွက်ပေါ်လာခြင်းဖြစ်သည်။
7days news
0 comments:
Post a Comment