<div style='background-color: none transparent;'></div>

Home » » "ကျွန်တော့်ကို လူတစ်ယောက်က တွန်းလိုက်လို့ မှောက်ရက်လဲသွားတယ် ၊ အဲဒီလူကို ကျွန်တော်ပြန်ဆဲတာပါဆိုတဲ့ဇာဂနာ"

"ကျွန်တော့်ကို လူတစ်ယောက်က တွန်းလိုက်လို့ မှောက်ရက်လဲသွားတယ် ၊ အဲဒီလူကို ကျွန်တော်ပြန်ဆဲတာပါဆိုတဲ့ဇာဂနာ"


သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန် လေဆိပ်တွင် ဒေါက်တာနိုင်အောင် နှင့် အဖွဲ့အား  လာရောက်ကြို ဆိုကြစဉ် နိုင်ငံတော် သမ္မတ၏ ရခိုင်အရေး နှင့်ပတ်သက်၍ စုံစမ်း  စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ် သူ ဦးဇာဂနာက သတင်း မီဒီယာများအား  ဆဲဆိုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စဖြစ်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၁  ရက်နေ့တွင် ဦးဇာဂနာမှ မီဒီယာများအား ဆဲဆိုခြင်း မဟုတ်ကြောင်း လေဆိပ်တွင်  တရားဝင် ရှင်းလင်းပြောကြားသည်။



"ကျွန်တော့်ကို လူတစ်ယောက်က  တွန်းလိုက်လို့ မှောက်ရက်လဲသွားတယ် ၊ အဲဒီလူကို ကျွန်တော်ပြန်ဆဲတာ  မီဒီယာတွေကို ဆဲတာမဟုတ်ဘူး ၊ တကယ်လို့ မီဒီယာကို ကျွန်တော်ဆဲတယ်ဆိုရင်လည်း  ကျွန်တော်အတိအလင်းတောင်းပန်တယ် " ဟု ယနေ့ မိုးသီးဇွန်နှင့် အဖွဲ့အား  လာရောက်ကြိုဆိုစဉ် လေဆိပ်၌ သတင်းမီဒီယာများအား တရားဝင်  ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။

ကျော်သူ-Yangon Media Group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map