<div style='background-color: none transparent;'></div>

Home » » ကိုယ်ကျင့်တရားမကောင်းတဲ့ ယောက်ျားတွေ အမုန်းဆုံးပါပဲဆိုတဲ့ ဖွေးဖွေး

ကိုယ်ကျင့်တရားမကောင်းတဲ့ ယောက်ျားတွေ အမုန်းဆုံးပါပဲဆိုတဲ့ ဖွေးဖွေး

သရုပ်ဆောင် ဖွေးဖွေးက လတ်တလောမှာ ရုပ်ရှင်ကားကြီး ရိုက်ကူးနေပါတယ်။ ဒီကားမှာ သူမရဲ့ အနုပညာကို ပုံဖော်ကြည့်တဲ့အခါ-
အခုချိန်မှာ ဖွေးဖွေးရဲ့ စိတ်ခံစားမှုက ဘာတွေရှိလဲ။
ညီမ အခုချိန်မှာတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတဲ့အတွက် အရမ်းကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကိုယ်လုပ်နေတဲ့ အနုပညာအလုပ်အပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့စိတ်ပဲ ရှိပါတယ်။
ဖွေးဖွေးအနေနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်နေတာ တွေ့ရတယ်နော်။
လူမှုရေးလုပ်ငန်းတွေ အားရင်အားသလို လုပ်ဖြစ်ပါတယ်။ အလှူအတန်းတွေ လုပ်ရတာ အရမ်း ဝါသနာပါပါတယ်။


ကိုယ်လိုချင်တဲ့နေရာ ရောက်ပြီလား။

အခုချိန်မှာ ဖွေးဖွေးက အောင်မြင်တဲ့ အနုပညာရှင်တွေထဲက တစ်ဦး အပါအဝင် ဖြစ်တယ်။ ကိုယ်လိုချင်တဲ့ နေရာရောက်ဖို့ဆိုတာ ကြိုးစားရဦးမှာပါ။ အခု ရောက်နေတဲ့ နေရာလေးကိုတော့ အားရကျေနပ်မှု မရှိသေးပါဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာ ဒီထက်မက ကြိုးစားရဦးမှာပါ။

ကားတစ်ကား ရိုက်တော့မယ်ဆိုရင် ဘယ်လိုကြည့်လက်ခံလဲ။

အဓိကကတော့ ကိုယ်လုပ်ရမယ့် အိုက်တင်ရယ်၊ ကိုယ်လုပ်ရမယ့် လုပ်ကွက်ပါပဲ။ ဇာတ်လမ်းကြိုရရင်တော့ ဇာတ်လမ်း ကြည့်တာပေါ့နော်။ ဇာတ်လမ်း ကြိုမရတော့ ကိုယ်ရိုက်ရမယ့် ဒါရိုက်တာနဲ့တွဲပြီး သရုပ်ဆောင်ရမယ့် သူဒါတွေကို ကြည့်ပါတယ်။

ဘယ်လိုယောက်ျားတွေကို အမုန်းဆုံးလဲ။

အဓိကတော့ ကိုယ်ကျင့်တရား မကောင်းတဲ့ ယောက်ျားတွေကို အမုန်းဆုံးပါပဲ။
yatanarpon
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map