<div style='background-color: none transparent;'></div>

Home » » ကိုမိုးသီးဇွန်တို့ရန်ကုန်မြို့သို့ နံနက် ၈ နာရီအချိန်တွင် ရောက်ရှိလာ ယခုအချိန်တွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိနေကြောင်း

ကိုမိုးသီးဇွန်တို့ရန်ကုန်မြို့သို့ နံနက် ၈ နာရီအချိန်တွင် ရောက်ရှိလာ ယခုအချိန်တွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိနေကြောင်း

ကိုမိုးသီးဇွန်၊ ကိုရွှေစင်ထွန်း၊ ကိုရင်အေး၊ ကိုမှူးသာ၊ ကိုထွန်းအောင်ကျော်၊
ကိုကိုလေးနှင့် ကိုကိုအောင် တို့အဖွဲ့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ နံနက် ၈ နာရီအချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ လာရောက်ခဲ့ခြင်း ဖြစ်ပြီး
ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်မှုဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် ယခုအချိန်တွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိနေကြောင်း သိရသည်။


ယမန်နေ့ကလည်း ABSDF ဗဟို ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် အတူ ဦးညိုအုန်းမြင့်၊ ဒေါက်တာသောင်းထွန်းတို့အဖွဲ့သည် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map