မန္တလေးမြို့၏ အထင်ကရ ပြယုဂ်ထဲတွင် ကျုံးနှင့် နန်းမြို့ရိုး လည်း ပါဝင်ပေသည်။ ထိုသို့ ပါဝင်နေသော နေရာတွင် မဖွယ်မရာစုံတွဲများ နှင့် မိန်းမလျှာများကြီး စိုးနေကြသည်။ ထိုသို့ကြီးစိုး နေသောကြောင့် ဆည်းဆာ လေပြေနုသွေးသွေးလေး ရှူရှိုက်ဖို့ပင် ခဲရင်းခဲ့တာကြာပြီ ဖြစ်သည်။
နေကလေးစောင်းလိုက်သည်နှင် ကျန်းမာရေးအတွက် မိသားစုလမ်းလျှောက်ထွက်ဖို့ မစဉ်းစားရဲတော့ပေ။ ကျုံးပတ်ပတ် လည် အမြင်မတော်မြင်ကွင်းများကြောင့် သားမိသားအဖတောင် ရဲရဲဝံ့ဝံ့ဖြတ်မလျှောက်ရဲတော့ပေ။
နိုင်ငံခြားသားခရီးသွားများစွာ ဝင်ထွက်သွားလာနေသော ယဉ် ကျေးမှုမြို့တော်ကြီးတွင် ထိုသို့မဖွယ်မရာမြင်ကွင်းများကြောင့် ကမ္ဘာ့ အလယ်မျက်နှာငယ် စရာဖြစ်နေကြတော့သည်။ သူတို့၏လေ့လာမှတ် သားစရာတစ်ခုဖြစ်သော ကျုံးနှင့်နန်းမြို့ရိုးသည် သမီးရည်းစားများ နားခိုရာနေရာဟုပင် ထင်မှတ်သွားစေနိုင်ပါသည်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သော အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကြီးလည်း နီးကပ်လာပေပြီ။ နီးလာ သည်နှင့်အမျှ နိုင်ငံတကာမှလည်း စိတ်ဝင်တစားရှိလာကြသည်။ နိုင်ငံပေါင်းစုံမှ ဧည့်သည်များနှင့် အားကစားသမားများလည်း မန္တလေး မြို့ကိုရောက်ခိုက် ထိုနေရာများကို အမှန်တကယ်လာရောက်ပေလာ မည်မှာ မလွဲပေ။ သက်ဆိုင်ရာအဖွဲ့အစည်းများသည်လည်း ကြည့် မနေကြဘဲ လိုအပ်သည့်ပညာပေးမှုများနှင့် အရေးယူမှုများပြုလုပ် သင့်ကြောင်း မြို့ခံများမှ ပြောဆိုနေကြသည်။ မန္တလေးမြို့တော်ကြီးနှင့် ထိစပ်ဆက်နွယ်သူတိုင်း ကြုံတွေ့နေ ရသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများလည်း မြင်တွေ့နေရမည်မှာ မလွဲပေ။ ညနေစောင်းလိုက်သည်နှင့် ဖြတ်သွားဖြတ်လာများ မမြင် ချင်အဆုံးမြင်တွေ့နေရသည်။ မိန်းမလျှာများသည်လည်း ကျုံးအရှေ့ဘက်နှင့်တောင်ဘက်တွင် အုပ်စုဖွဲ့သောင်းကျန်းနေကြောင်းလည်း သိရသည်။
တစ်စတစ်စ အတင့်ရဲလာကြသည်။ ဒုစရိုက်မှုများလည်း မကြာခဏကျူးလွန်နေ ကြောင်းသိရသည်။ ထိုသို့အုပ်စုများကိုလည်း ထိထိရောက်ရောက် ဟန့်တားပေးရန် မြို့ခံများမျှော်လင့်နေကြသည်။ ဖြစ်မှအရေးယူ ဆောင်ရွက်သည်ထက် မဖြစ်ခင်ကြိုတင် ကာကွယ်ခြင်း သည်လည်း လောက၏ အလှတရားပင် ဖြစ်သည်။
“သမီးတို့က ည ၈နာရီထိုးမှပြန်ရတယ်။ အဲဒီအချိန်တွေဆို အတွဲတွေ သဲသဲလှုပ်နေကြပြီ။ သမီးတို့ကိုလည်း ယုံထင်ကြောင် ထင်အော်ဟစ်ပြောဆို တတ်သေးတယ်။ သမီးတို့ညနေဆိုတစ်ယောက် တည်းမပြန်ရဲဘူး။ အုပ်စုဖွဲ့ပြီးပြန်လာပြီးကြိုခိုင်းရတယ်။ တစ်ချို့က နှမချင်းကိုယ်ချင်းမစာဘူး။ ကြမ်းတယ်။ တစ်ခါတရံဆို အိမ်ကိုလာပြီး ကြိုခိုင်းရတယ်။ ဒီဘက် ၂၀ဝ၅လောက်မှာ တဖြည်းဖြည်းအတွဲတွေ အတင့်ရဲလာတယ်။ မိန်းကလေးတွေလည်း အတုယူမှားနေတယ် ထင်တယ်”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးကဆိုသည်။
“ကျွန်တော်တို့မိသားစု ၄ယောက် ညနေရောက်တာနဲ့ ကျုံး ဘေးကိုလမ်းလျှောက်ထွက်၊ လေညှင်းခံအမြဲတမ်းထွက်တယ်။ စိတ် လည်းလန်းတယ်။ အခုကျတော့ အာရုံတအားနောက်တယ်။ သားဖ မှန်းဘာမှန်းမသိကြတော့ဘူး။ ပြောချင်သလိုပြောဆိုနေကြတော့ တာပဲ။ သူတို့ကို ကျွန်တော်တို့က ရှောင်သွားနေရတယ်။ မြို့လယ် ခေါင်လူမြင်ကွင်းကြီးဗျာ။ စဉ်းစားသာကြည့်တော့။ အရွယ်မရောက် သေးလူငယ်တွေအတွက်လည်း ရင်လေးတယ်”ဟု လုပ်ငန်းရှင် တစ်ဦးကပြောသည်။
“အခုဆို သုဓမ္မဇရပ်တန်းကြီးကလည်း ဈေးဆိုင်တန်းကြီးတွေ လိုဖြစ်နေပြီ။ ရိုးရိုးသားသားရောင်းချနေတယ်ဆိုမပြောပါဘူး။ ကိုယ့် ဝမ်းရေးကိုယ်ရှာဖွေဖြေရှင်း နေကြတာပဲ။ အခုကျတော့ သမီးရည်းစား တွေတွေ့ဖို့ သူတို့က နေရာတွေ ဖန်တီးပေးနေတယ်။ နေရာကောင်း ကောင်း ဖန်တီးပေးထားတဲ့ ဆိုင်က လူစည်တယ်။ အတွဲ များတယ်။ ဒါတွေကိုမဖြစ်သင့်ပါဘူး။
မြို့သူမြို့သားတွေမြင်တွေ့နေကြရမှာပါ။ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ။ ကျောက်တော်ကြီးရှိတယ် ဗျာ။ စန္ဒမုနိရှိတယ်ဗျာ။ မန္တလေးတောင်ရှိတယ်ဗျာ။ လေ့လာစရာ နေရာတွေအများကြီးရှိတယ်။ အဲဒီနေရာတွေကို နိုင်ငံခြားသားတွေ ကလည်း လည်ပတ်ရင်းလမ်းကြုံတော့ ဒီဇရပ်တွေကို လေ့လာမှာ ပဲ။ မသိတဲ့သူတွေက ဈေးရောင်းဖို့ဆောက်ပေးသည့်ဆိုင်တွေလို့ မှတ်နေရင်တော့ ခက်ကုန်တော့မယ်။ စိစစ်ပြီးဖယ်ရှားသင့်နေပါပြီ” ဟု မန္တလေးမြို့ခံ အမြင်မတော်သူဥပဒေအရာရှိတစ်ဦးကပြောသည်။
“ကျုံးကြီးကို အတွဲတွေနဲ့ကာရံထားတယ်လို့တောင်ပြောလို့ ရတယ်။ အဓိကကတော့ မန္တလေးမြို့ခံအတွဲနည်းပါတယ်။ ရှိတော့ ရှိတယ်။ နယ်ကအဆောင်နေပြီး ကျောင်းတက်နေကြတဲ့၊ အလုပ်လုပ် နေကြတဲ့လူငယ်တွေအတွဲကပိုများမယ်ထင်တယ်။ ဘာကြောင့်ဆို မိဘမျက်ကွယ်ဆိုတော့ လွတ်လပ်သွားတယ်။ ဖြစ်ချင်သလိုဖြစ်တာ ပေါ့”ဟုGTC ကျောင်းသားတစ်ဦးကပြောသည်။
ကျုံးပလက်ဖောင်းပတ်လမ်းနှင့် အပင်များစွာတို့သည် နန်းမြို့ ရိုးနှင့်အလွန်ပနံသင့်သည်။ ဆည်းဆာချိန်လေးတွေင် ကျုံးနှင့်နန်း မြို့ရိုးအလှတို့ကို လေပြေနုရှူရှိုက်ရင်း ခံစားခဲ့ရခြင်းများသည် အတိတ် တွင်အိပ်မက်ကိုဖြစ်၍ကျန်ခဲ့သည်။ မန္တလေးမြို့သည် မြို့ပြဖွဲ့စည်းမှုများကို အရှိန်အဟုန်ဖြင့် ဘက် ပေါင်းစုံမှ ဆောင်ရွက်နေချိန်တွင် ကျုံး၏အလှသည် မိန်းမလျာများ နှင့်သမီးရည်းစားအတွဲများကြောင့် အလှပျက်နေတော့သည်။ ထို့ ကြောင့် သက်ဆိုင်ရာမှ ထိုနေရာများကို အမြန်ဆုံးစိစစ်ပညာပေး ဆောင်ရွက်သင့်ကြောင်း မန္တလေးမြို့လူထုမှ မျှော်လင့်နေကြကြောင်း သိရသည်။
အောင်ကိုဦး
ရိုးရာလေး
Updates +++
4 years ago
0 comments:
Post a Comment