<div style='background-color: none transparent;'></div>

Home » » မြန်မာနိုင်ငံပြည်တွင်းသုံး မိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများတွင် သုံးနိုင်ပြီ

မြန်မာနိုင်ငံပြည်တွင်းသုံး မိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများတွင် သုံးနိုင်ပြီ


ပြည်တွင်းမိုဘိုင်းဖုန်းများကို အာဆီယံနိုင်ငံများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်မှုများသည် အဆင်သင့် အနေအထားသို့ရောက်နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံသို့ အာဆီယံနိုင်ငံများမှ မိုဘိုင်းဖုန်းများကို သယ်ဆောင်အသုံးပြုနိုင်ရန် စီစဉ်နေပြီး ယခုအသုံးပြုနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။

“ပြည်ပက ဖုန်းတွေကို ပြည်တွင်းမှာ သုံးလို့ရနေပြီ။ ပြည်တွင်းကဖုန်းတွေက ပြည်ပကို သယ် ဆောင်အသုံးပြုဖို့က အသုံးပြုတဲ့အခကြေးငွေကိစ္စရပ်တွေကို ညှိနေသေးတယ်။ နည်းပညာအရချိတ်ဆက်မှုက လည်း အသင့်အနေအထားမှာ ရှိနေပါတယ်။ အမြန်ဆုံးသယ်ဆောင်အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောဆိုကြောင်းသိရသည်။


ယခုအချိန်တွင် အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ မိုဘိုင်းဖုန်းများကို ပြည် တွင်းသို့ သယ်ဆောင်အသုံးပြုနိုင်နေပြီဖြစ်ပြီး မကြာခင်အခြားနိုင်ငံသစ်များကို ထပ်မံတိုးချဲ့အသုံးပြုခွင့်ပေးသွား မည်ဟု ၎င်းကထပ်မံပြောကြားကြောင်းလည်း သိရသည်။ ပြည်တွင်းမှမိုဘိုင်းဖုန်းများကို အာဆီယံနိုင်ငံများအပါ အ၀င် ပြည်ပနိုင်ငံအသီးသီးသို့ ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဆွေးနွေးဆောင်ရွက်နေပြီဖြစ်ကြောင်း သိ ရှိရသည်။

ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းသည် ယခုလ ၃ ရက်နေ့ နေပြည်တော်၌ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါသည်။

ဆွေးနွေးမှုများအတွက် မိုဘိုင်း( Roming) ကွန်ရက်ကိစ္စရပ်အပြင် ဆက်သွယ်ရေးလုပ်ငန်း အတွက် နိုင်ငံတကာအကြံပေး တင်ဒါလုပ်ငန်းကိစ္စရပ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ Roming ကွန်ရက် စတင်ဖွင့်လှစ်ခဲ့ချိန်၌ ဂျပန်အပါအ၀င် အာဆီယံနိုင်ငံအချို့မှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင်အသုံးပြု ခဲ့ကြသည်။

အဆိုပါ မိုဘိုင်း Roming ကွန်ရက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော်၌ လက်ခံ ကျင်းပခဲ့သည့် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ၀န်ကြီးအဆင့် အစည်း အဝေးမှ စတင်၍ အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု အင်တာနက်သတင်းများအရ သိရပါသည်။
 N/A - အတွဲ ၃
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map