<div style='background-color: none transparent;'></div>

Home » » ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ထိ ဂိတ်စ/ဆုံး မပြေးဆွဲသော ယာဉ်များအား အရေးယူမည်

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ထိ ဂိတ်စ/ဆုံး မပြေးဆွဲသော ယာဉ်များအား အရေးယူမည်

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်း တက္ကသိုလ် (သန်လျင်)သို့ ပြေးဆွဲလျက် ရှိသော ခရီးသည်တင် ယာဉ်များအား သတ်မှတ်ယာဉ်စီး ရေအပြည့်ပြေးဆွဲ ရန်နှင့် ဂိတ်စ/ ဂိတ်ဆုံး ပြေးဆွဲ ပေးခြင်း မရှိသည့် မော်တော်ယာဉ်များအား စိစစ်ကြပ် မတ်အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေး ဗဟိုကော် မတီထံမှ သိရသည်။

“အရှေ့ပိုင်းတက္ကသိုလ်ကို ပြေး ဆွဲနေတဲ့ ယာဉ်တွေလုံလောက်မှု ရှိမရှိသက်ဆိုင်ရာတက္ကသိုလ်ဆရာ ကြီးတွေနဲ့ ဆွေးနွေးနေပါတယ်။ ယခုလက်ရှိပြေးဆွဲနေတဲ့ ယာဉ်တွေ ကို မှန်မှန်ကန်ကန်ပြေးဆွဲခြင်းရှိ မရှိ မ.ထ.သ က အထူးစစ်ဆေးနေပါတယ်”ဟု မ.ထ.သ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
အရှေ့ပိုင်းတက္ကသိုလ်သို့ ပြေး ဆွဲလျက်ရှိသော ယာဉ်စီးရေမှာ ကျောင်းသားအင်အားနှင့် မျှတမှု မရှိခြင်း၊ ၄င်းအပြင် ခရီးစဉ်များအား တစ်စိတ်တစ်ပိုင်းသာ ပြေးဆွဲလျက် ခရီးသည်များအား အခြားကားများ သို့ကူးပြောင်းခြင်းဖြင့် ကျောင်း သား၊ ကျောင်းသူများ အချိန်နှောင့် နှေးမှုများ မကြာခဏ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
“သူတို့ ဂက်(စ်)ထည့်မယ်ဆို ရင် လူမတင်နဲ့လေ။ ခရီးသည်တွေ ကို တင်ပြီး ဂက်(စ်)ထည့်မလို့ဆင်း ပေးပါဆိုတော့ ကျွန်တော်တို့မှာ အချိန်နောက်ကျမှုတွေဖြစ်တယ်။ ပြီးတော့ ကားလဲမပြောင်းပေးဘူး။ သူတို့ဂက်(စ်)ပြည့်တဲ့အထိ စောင့် နေရတယ်”ဟု သန်လျင်မြို့နယ်နေ အမျိုးသား တစ်ဦးက ပြောသည်။
“အခု သတ်မှတ်ယာဉ်စီးရေ အတိုင်းပြေးဆွဲခြင်းရှိမရှိ ကြပ်မတ် ဆောင်ရွက်နေတယ်။ အဲဒီကားက ပြေးဆွဲခြင်းမရှိဘူးဆိုရင် အဲဒီယာဉ် လိုင်းကို အရေးယူမယ်။ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏သတ် မှတ်ခရီးစဉ်ပြေးဆွဲခြင်း ဥပဒေအရ အရေးယူသွားမှာပါ”ဟု မ.ထ.သ (ဗဟို)ဥက္ကဋ္ဌက ထပ်လောင်းပြော ကြားသည်။ ၄င်းယာဉ်လိုင်းများ အနေဖြင့် သတ်မှတ်ခရီးစဉ်အတိုင်းပြေးဆွဲရန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့် ပြုချက်ရရှိထားသော်လည်း သတ် မှတ်ခရီးစဉ်အတိုင်းပြေးဆွဲခြင်းမရှိ ခြင်းကြောင့်လည်းကောင်း၊ကျောင်း သားကျောင်းသူများ ကျောင်းသွား လာရေး အဆင်ပြေစေရန်ရည်ရွယ် ၍ ယခုကဲ့သို့ စီစဉ်ကြပ်မတ်အရေး ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း လည်းသိရသည်။
venus news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map