<div style='background-color: none transparent;'></div>

Home » » ဝိုင်းစုခိုင်သိန်း အာဘွားပေး မယ့်သူ

ဝိုင်းစုခိုင်သိန်း အာဘွားပေး မယ့်သူ


ဝိုင်းစုခိုင်သိန်းက ဒုတိယစီးရီး 'မျက်လှည့်' အခွေအတွက် ဗီစီဒီ ရိုက်ကူးနေတာ အခုဆို ရင်တော့ Title သီချင်းဖြစ်တဲ့ 'မျက်လှည့်' တစ်ပုဒ်ပဲ ရိုက်ကူးဖို့ ကျန်တော့ကြောင်း သိရပါတယ်။
ပထမအခွေ 'မက်လောက်စရာ' တုန်းက ဗီဒီယို ရိုက်ကူးရေး တစ်နှစ်ကျော်လောက်နား ကာ အခွေအတွက် စီစဉ်ခဲ့တာ ဖြစ်ပြီး ပရိသတ် တွေနဲ့လည်း သရုပ်ဆောင်ပိုင်းမှာ အဆက် အသွယ် ပြတ်သွားခဲ့ပါတယ်။ အခု 'မျက်လှည့်' အခွေအတွက် ရိုက်ကူးရေး နားစရာမလိုတော့ ဘဲ အပင်ပန်းခံကာ စီစဉ်ဖြစ်ကြောင်းကို ဝိုင်းစုခိုင်သိန်း က''ဝိုင်းစု ဇာတ်ကား ရိုက်ရက်တွေကို ကြိုညှိပြီး အခွေအတွက် ရိုက်ဖြစ်ပါ တယ်။
ဒီလပိုင်းထဲမှာတော့ နည်းနည်းလေး ရက် ကျပ်တာမျိုး ဖြစ်တာပေါ့။ အရင် အခွေတုန်းက ဘယ်အလုပ်ကို ဦးစားပေး လုပ်ရမှန်း နားမလည်ဘူး။ မချိန်တတ်တော့ အလုပ်တွေ တအား လစ်ဟာသွားတာတွေ ရှိတယ်။ ဇာတ်ကားရိုက်တွေ တော်တော်အဆက်ပြတ် သွားတယ်။ တစ်နှစ်ကျော် နှစ်နှစ်လောက်ဆို တော့ ဝိုင်းစုကို သီချင်းပဲဆိုတယ်။
ဇာတ်ကား ရိုက်ကိုနောက်မှ ရိုက်တယ်တောင် ထင်ကြတယ်။ အခုမှ ဇာတ်ကားတွေ ပြန်ရိုက်တော့ တတ်နိုင်သမျှ ညှိပြီးလုပ်တယ်။ လူတော့ပိုပြီး ပင်ပန်းတာပေါ့။ ဇာတ်ကားရိုက်တွေလည်း မနားတော့ဘူး။ ဝိုင်းစုပဲ အပင်ပန်း ခံလိုက်တယ်။ အဆိုဘက်မှာလည်း အဆက်ပြတ်လို့ မရဘူး။ သရုပ်ဆောင်ဘက်မှာလည်း အဆက် ပြတ်လို့ မရဘူး။ အသစ်တွေ ကလည်း များလာပြီ။ ပရိသတ်ရှေ့မှာ ပျောက်တာများ သွားရင် မကောင်းဘူး'' လို့ပြောပါတယ်။ နေမင်းနဲ့ ဝိုင်းစုခိုင်သိန်းတို့ သရုပ်ဆောင်ထား တဲ့ 'လမ်းမကြီးရဲ့ဘေး' ဇာတ်ကားကို ပရိသတ် ကြိုက်ကြပါတယ်။ ဒီဇာတ်ကား မှာ အသက်ကြီးကြီး သူဌေးတစ်ယောက်ကို စပွန်ဆာအဖြစ် တွဲရတဲ့ ကောင်မလေး အဖြစ် သရုပ်ဆောင်ထားပြီး ဒီဇာတ်ရုပ်ကို သရုပ်ဆောင် ရတာစိတ်ထဲ မှာတစ်မျိုးကြီး ဖြစ်ပေမယ့် ကိုယ့်ကိုပေးတဲ့ ဇာတ်ရုပ် ကို အပီပြင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင် ခဲ့ကြောင်းပြောပါတယ်။ ဒီဇာတ် ကားထဲက ဝိုင်းစုခိုင်သိန်း နေတဲ့အိမ်ကို အပြင်က ဝိုင်းစုခိုင်သိန်းနေတဲ့ အိမ်မှာပဲ ရိုက်ကူးခဲ့တာပါ။ ရှုတင်အိမ် ဖြစ်သွားတဲ့ အပေါ် ဝိုင်းစုခိုင်သိန်းက...
''ကိုနေမင်းက ရိုက်ချင်တယ် ပြောလို့လေ။ တခြားမှာလည်း မရိုက် ချင်ဘူး။ ဘယ်သူမှ မရိုက်တဲ့အိမ်၊ တွေ့နေကျ မဟုတ်တဲ့ အိမ်မှာ ရိုက်ချင် တယ်ပြောပြီး ဝိုင်းစုတို့ အိမ်မှာ အတင်းရိုက်မယ် ဆိုတာနဲ့ အားနာပြီး လက်ခံ လိုက်တာ။ နောက်ထပ်တော့ မရိုက်တော့ဘူး။ အိမ်မှာ ကျတော့ ရှုတင် လိုနေ ရတာ အဆင်မပြေဘူး။ တစ်ခါ တလေ ဗီစီဒီဆိုရင်တော့ ကိုယ့်အိမ်မှာ ပဲရိုက် ဖြစ်တယ်'' လို့ပြော ပါတယ်။ ဝိုင်းစုခိုင်သိန်း က တတိယ စီးရီးကို လည်း စီစဉ် နေပြီး 'အာဘွား' လို့ နာမည်ပေးထား ကြောင်းသိရပါတယ်။ သီချင်း၆ပုဒ် လောက် စုထား တာ ရှိပြီး မျက်လှည့် မပြီး သေးတဲ့ အတွက် အကြမ်းဖျင်း လုပ်ထားရ သေး ကြောင်းပြောပါတယ်။ ဝိုင်းစု ခိုင်သိန်းက သီချင်းတစ်ခွေပြီးတာ နဲ့နောက် တစ်ခွေ ကို ချက်ချင်းလုပ် တတ်ကြောင်း၊ ပရိသတ်နဲ့ အဆက်ပြတ်သွားမှာ တအား ကြောက်ပြီး ဗီဒီယို ရိုက်နေတာနဲ့ မလုပ်နိုင် ရင် အလုပ်တွေပုံသွားမှာ စိုးတာကြောင့် ကြိုတင် စီစဉ် ထားခြင်းဖြစ် ကြောင်း ပြောပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map