<div style='background-color: none transparent;'></div>

Home » » ယနေ့ ညနေ (၅း၃၀) အချိန်ခန့် ကမန္တလေးမြောက်ဖက်ကျုံး ရေပြင်တွင် အသက် (၅၀) ကျော်ခန့် ရှိ အမျိုးသမီးအလောင်းအား တွေ့ ရှိ

ယနေ့ ညနေ (၅း၃၀) အချိန်ခန့် ကမန္တလေးမြောက်ဖက်ကျုံး ရေပြင်တွင် အသက် (၅၀) ကျော်ခန့် ရှိ အမျိုးသမီးအလောင်းအား တွေ့ ရှိ

ယနေ့ ညနေ (၅း၃၀) အချိန်ခန့် က ၂၆လမ်း ၊ ၇၈×၇၉ ကြား မြောက်ဖက်ကျုံး ရေပြင်တွင်
အသက် (၅၀) ကျော်ခန့် ရှိ အမျိုးသမီးအလောင်းအား တွေ့ ရှိရပါသည်။

လမ်းလျောက်လာသူများမှ စတင်တွေ့ ရှိခဲ့ပြီး တာဝန်ရှိသူများသို့  သတင်းပေးခဲ့ရာ သက်ဆိုင်ရာ
နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်များ ရောက်ရှိလာပြီး မှတ်တမ်းတင် မေးမြန်းမှု့ များ ပြုလုပ်ကာ
အလောင်းအား နိဗ္ဗာန်သုခယာဉ်ဖြင့် (၆) နာရီကျော်ခန့် တွင် သယ်ဆောင်သွားခဲ့ပါသည်။


``မနက်ကကို တွေ့ သေးတယ်ဗျ.. ဒီအနီးဝန်းကျင်မှာဘဲနေတယ်.. စိတ်ကတော့ ပုံမှန် မရှိဘူး
အမြဲပဲ တွေ့ နေရတော့ စိတ်မကောင်ဘူးဗျာ..`` ဟု ထိုနေရာတွင်တာဝန်ကျနေသော ၀န်ထမ်း
တစ်ဦးမှ ပြောကြားသည်။

ကျုံးရေပြင်အတွင်း ရေနစ်သေဆုံးမှု နှစ်ခု ပြီးခဲ့သော လအတွင်းကလဲ ဖြစ်ပေါ်ခဲ့သည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map