ကော့မှူးမြိုနယ်တွင် ဆင်းရဲမွဲတေမှုများအတွက် အသေးစားငွေချေးလုပ်ငန်းတစ်ခုကို စက်တင် ဘာလအတွင်း ထူထောင်ပေးမည်ဖြစ်ကြောင်း ယင်းမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း သိရသည်။
ဇူလိုင် ၅ ရက်က ကော့မှူးမြို့နယ်ရှိ အောင်ဇမ္ဗူဘုန်းကြီးကျောင်းတွင် ပြုလုပ်သောဒေသခံများ နှင့်တွေ့ဆုံပွဲင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဥရောပနိုင်ငံတွေသွားတုန်းက ပြည်ပကုမ္ပဏီတစ်ခုနဲ့ဆက်စပ်ပြီး ကော့မှူးမှာ အက်စ်အမ်အီး တစ်ခုကို နောက်နှစ်လလောက်ကြာရင် ထူထောင်ပေးပါမယ်လို့ ပြောတယ်။ ကော့မှူးဒေသခံ တစ်သိန်းကျော် တို့အတွက် ဆင်းရဲသားလူတန်းစားတွေအတွက် အဆင်ပြေစေမယ့်အခွင့်အရေးတစ်ခုပါ”ဟု ကော့မှူးဒေသခံ တစ်ဦးကပြောသည်။
အလုပ်လက်မဲ့ပြဿနာများအတွက်လည်း အောင်ဇမ္ဗူဘုန်းကြီးကျောင်းတွင် ဆရာတော်နှင့် ပူးတွဲကာ ကွန်ပျူတာ၊ ဆိုင်ကယ်ပြင်၊ စက်ချုပ်အစရှိသည့် သင်တန်းများဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ကော့မှူးမြို့ဒေတစ်ဝိုက်မှာတော့ လူငယ်ဦးရေကခန့်မှန်း ၄၀၀၀၀ လောက်တော့ရှိကြတယ်။ တချို့တွေဆို ဘွဲ့တွေတောင်ရပြီးပေမယ့် အလုပ်လက်မဲ့တွေ ရှိနေတုန်းပဲ။ ဒီလိုသင်တန်းတွေကနေ အသက် မွေးကျောင်းပညာအဖြစ်နဲပ အလုပ်အကိုင်တွေရလာနိုင်ပါတယ်”ဟု ကော့မှူးမြို့နယ်အင်န်အယ်လ်ဒီပါတီအဖွဲ့ ၀င် ဦးမြင့်သိန်းက ပြောသည်။
ကော့မှူးမြို့နယ်သည် ကျေးရွာပေါင်း ၆၂ ရွာ၊ ရပ်ကွက်ခုနစ်ခုရှိပြီး လူဦးရေတစ်သိန်းကျော်ခန့် နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်တစ်ခုဖြစ်သည်။
Source: The article first appeared on Flower News Journal(ပန်းသတင်းဂျာနယ်) - အတွဲ၈၊ အမှတ် ၂၆
0 comments:
Post a Comment