<div style='background-color: none transparent;'></div>

Home » » ပျဉ်းမနား ခုတင်(၂၀၀) ဆေးရုံသို့ဆေးရုံလာတက်သည့် မွေးလူနာ၏ ဟန်းဖုန်းနှင့် ရွှေထည်များ ပျောက်ဆုံး

ပျဉ်းမနား ခုတင်(၂၀၀) ဆေးရုံသို့ဆေးရုံလာတက်သည့် မွေးလူနာ၏ ဟန်းဖုန်းနှင့် ရွှေထည်များ ပျောက်ဆုံး


နေပြည်တော် ပျဉ်းမနား ခုတင်(၂၀၀) ဆေးရုံသို့ ကလေးမွေးဖွားရန် ဆေးရုံတက်လာသော လူနာ၏ ဟန်းဖုန်း၊ ငွေနှင့်ရွှေထည်ပစ္စည်းများ ပျောက်ဆုံးသွား၍ ရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့ရသော ဖြစ်စဉ် တစ်ခု ယခုလ ၅ ရက်က ဖြစ်ပွားခဲ့သည်။

နန်ချို ရေအားလျှပ်စစ်စီမံကိန်းတွင် ပန်းရန်လုပ်ငန်း လုပ်ကိုင်နေသော ကိုစိုးနိုင်သည် ယင်း၏ အစ်မဖြစ်သူ မညိုနှင့်အတူ ဇနီးသည် မစန်းဌေးအား မီးဖွားရန် ယခုလ ၄ ရက်ကနေပြည်တော် ပျဉ်းမနားခုတင် (၂၀၀) ဆေးရုံသို့ တက်ရောက်နေရသူဖြစ်သည်။ နှစ်ထပ်ဆောင်ဆေးရုံ၏ အောက်ထပ်အနောက်ဘက်ဝရံတာ ဘေးခုတင်တွင် မညိုက မစန်းဌေးခုတင်အနီး စောင့်အိပ်ကာ ကိုစိုးနိုင်ကလည်း ဆေးရုံရှေ့ဝရံတာတွင် စောင့် အိပ်ခဲ့သည်။
နောက်တစ်နေ့ ဇူလိုင် ၅ ရက် မနက် ၄ နာရီအချိန် မစန်းဌေးခုတင်ပေါ်တွင် ထားရှိသော နီညိုရောင် အလင်းဘက်အိတ်မှာ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါအိတ်ထဲတွင် အမျိုးသားမှတ်ပုံတင် နှစ်ခု၊ ငွေကျပ်နှစ်သိန်းရှစ်သောင်း၊ ဂျီအက်စ်အမ် ဖုန်းတစ်လုံး၊ တစ်ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး၊ သုံးမတ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ်နှစ်ကွင်း၊ နားကပ်တစ်ရန် စုစုပေါင်းတန်ဖိုးကျပ် (၂၆) သိန်းဖိုး ကျော်ပါရှိသွားကြောင်း သိရသည်။

၎င်းတို့သည် ကျောက်ပန်းတောင်းမြို့နယ်မှ နေပြည်တော်နန်ချိုလျှပ်စစ်စီမံကိန်း အထက်ပေါင်း လောင်းစီမံကိန်းသို့ အလုပ်လာလုပ်ရာမှ မီးဖွားရန် ဆေးရုံလာတက်ကြစဉ် အခိုးခံရခြင်းစြဖ်ပြီး အမှုကို နေပြည် တော် ပျဉ်းမနားရဲစခန်းက(ပ) ၃၈၇/၂၀၁၂ ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပေးခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိ သည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map