<div style='background-color: none transparent;'></div>

Home » » မငြိမ်မသက်မှုဖြစ်ပွားနေသည့် မောင်းတောမြို့ နောက်ဆုံးအခြေအနေများ /ပြည်တွင်းသတင်းမီဒီများ၏ updat သတင်းများ

မငြိမ်မသက်မှုဖြစ်ပွားနေသည့် မောင်းတောမြို့ နောက်ဆုံးအခြေအနေများ /ပြည်တွင်းသတင်းမီဒီများ၏ updat သတင်းများ

ဒေါက်တာလွမ်းဆွေ . ၈ရက်နေ့ ဇွန်လ ၂၀၁၂ — မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေးလိုက်ပြီ
ညနေ ၅ နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI
ယနေ့ နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ ပြောသည်။


ရဲနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်းဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အား ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း၏ နေအိမ်သုံးထပ်ပေါ်မှ လူအင်အား ၁၀ ဦးခန့်ဖြင့် လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း မောင်တောမြို့ခံက ပြောသည်။
မောင်တောနှင့် ဘူးသီးတောင်အကြား ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင် လက်နက်များ သိုဝှက်ထားသည့် သတင်းများ ယခင်ကတည်းက ရရှိထားသည်ဟု ဘူးသီးတောင်အခြေစိုက် တပ်ရင်းတရင်းမှ အမည်မဖော်လိုသူ တပ်အရာရှိတဦးက ပြောသည်။ ယခုပစ်ခတ်မှုများမှာ ယင်းလက်နက်သိုဝှက်ထားမှုနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရှိရပါ။
ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများလည်း ရှိပြီး မောင်တောဆေးရုံသို့ တင်ပို့ထားရသည်ဟု သိရသည်။ ဒဏ်ရာရသူအရေအတွက်ကိုမူ မသိရှိရသေးပါ။
လူမျိုးရေးအကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့် အခြားအဖြစ်အပျက်တခုမှာအပြည့်အစုံသို့…
Posted by ဒေါက်တာလွဏ်းဆွေ at 6:13 PM
ပည်တွင်းသတင်းမီဒီယာများမှ
မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည် ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ ၄၆ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။
ရခိုင်ပြည်နယ်ရှိ ကွပ်ကဲရေးရုံး (သတင်းထုတ်ပြန်ရေး) မှ သိရှိရသော သတင်းများအရ မောင်တောမြို့နယ် အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို လုံထိန်းတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အခြေအနေဆိုးမှုများ မဖြစ်နိုင်တော့ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကွပ်ကဲရေးရုံးသည် စစ်တွေမြို့တွင် အခြေစိုက်ထားသော ရုံးဖြစ်ပြီး မောင်တောမြို့နယ်နှင့် ပတ်သက်သော အခြေအနေများကို ည ၇ နာရီအချိန်က နောက်ဆုံးသိရှိထားခြင်း ဖြစ်ကာ ဆက်လက် သိရှိရသည်များကို ထုတ်ပြန်သွားမည်ဟု သိရပါသည်။
၎င်းတို့အနေဖြင့် မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဟူသော သတင်းများ သိရှိထားသော်လည်း တရားဝင် ညွှန်ကြားချက် ရောက်ရှိမလာသေးကြောင်း ပြောဆိုခဲ့ပါသည်။
မောင်တောမြို့ ရပ်ကွက်များအတွင်း ညမထွက်ရအမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ )ကို ထုတ်ပြန်လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ မိနစ် ၄၀ တွင် ဖော်ပြရေးသားထားပါသည်။
Messenger News Journal
ပြည်တွင်း၌ ဖြစ်ပွားနေသော ဖြစ်စဉ်ဖြစ်ရပ်များကြောင့် ပြည်ပနိုင်ငံများ
(အထူးသဖြင့် ဘာသာရေးအရဆက်စပ်မှုရှိသော ပြည်ပနိုင်ငံများ)
တွင် ရောက်ရှိနေ ကြသော မြန်မာနိုင်ငံသားများအနေဖြင့်ယခ
ုကာလအတွင်း သွားလာနေထိုင်ရာတွင် အထူးသတိရှိကြရန်နှင့် မိမိနိုင်ငံသားများအချင်းချင်း ဆက်သွယ်မှု မပြတ်ရယူထားကြရန်၊ အရေးအကြောင်းရှိပါက မြန်မာနိုင်ငံသံရုံးများသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးအကြောင်းကြားကြပါရန်နိုင်ငံဗတ်ာသမ္မတရုံးတာဝန်ရှိသူတစ်ဦးက၎င်း၏ဖေ့စ်ဘုတ်စမျက်နှာတွင်တိုက်တွန်းနိုးဆော်ထားသည်။
[Update] မောင်းတောမြို့ နယ်မှ ထိခိုက်ဒါဏ်ရာ ရရှိသူများတွင် ပါဝင်သော ဆရာဝန် ဦးခင်မောင်လတ်နှင့် ဇနီးဖြစ်သူ တို့ နှစ်ဦးလုံးမှာ မောင်းတော ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသခံ များက ပြောကြားသည်။
မောင်းတောမြို့ တွင် ဖြစ်ပေါ်နေသော အခြေအနေများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းနိုင်ရန်အတွက် ပစ်ခတ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း မောင်းတောမြို့ ပေါ်တွင် သီတင်းသုံးနေသော ရဟန်းတော် တစ်ပါးက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မောင်းတော၊ ဘူးသီးတောင် ဒေသများတွင် ပြည်သူများ၏ အသက်ဘေး အန္တရာယ် လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် နစခ တပ်ဖွဲ့ဝင်များက တစ်ညလုံး ကင်းလှည့်ခြင်း၊ တပ်မတော် သားများက အသင့် အနေထားဖြင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်ခြင်း စသည် တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိကြီး တစ်ဦး၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
မောင်းတော ဒေသအတွင်း လူအနည်းစု ဖြစ်သော ရခိုင်လူမျိုးများမှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် ရခိုင်လူမျိုး အများစု တည်ရှိသော နေရာများတွင် နေထိုင်လျက်ရှိကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။
နောက်ဆုံးရရှိသော သတင်းများအရ မောင်တော မြို့ပေါ်တွင် မူလတန်းကျောင်း စာသင်ကျောင်း ငါးကျောင်း ဖျက်ဆီးခံရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့ပေါ်တွင် အခြေအနေ ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း ကျေးရွာများတွင်မူ ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသည်ဟု ကြားသိရကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်း ချက်များအရ သိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map