<div style='background-color: none transparent;'></div>

Home » » တိုမြန်မာတွေ မညံ့ပါဘူး ။ထူးချွန်ကြသူ အမေရိကန်ရောက် မြန်မာ ကလေးများ

တိုမြန်မာတွေ မညံ့ပါဘူး ။ထူးချွန်ကြသူ အမေရိကန်ရောက် မြန်မာ ကလေးများ

အိအိခင်ဦးအတွက် အမေရိကန်သမ္မတ အိုဘားမားရဲ့ ပညာရည်ချွန်ဆု...
.

အဌမတန်း( Northwood Middle School ) မှစတင်ပြီး (၅)နှစ်ဆက်တိုက် နှစ်စဉ်အတန်းတိုင်းတွင် Top (10) ၀င်ခဲ့ပြီး Top (10) တိုင်းတွင်လည်း ပထမဆုရရှိခဲ့သူ ဦးခင်ဦး၊ ဒေါ်စိုးမိုးဦးတို့ ၏သမီး မအိအိခင်ဦးက ယခုနှစ်အတွက်လည်း ပထမ၊



အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ် ဖို့ ဝိန်းမြို့ North Side High School အထက်တန်းကျောင်းမှ ၂၀၁၂ ခုနှစ် ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် ပညာရည်ချွန်ဆုပေးပွဲ အခန်းအနားတွင် ဌာနေဖွား အမေရိကန် ကလေးငယ် များကို ကျော်ဖြတ်ပြီး မြန်မာကလေးငယ် အမြောက်အများ ထိပ်ဆုံးမှ ဘာသာရပ်မျိုးစုံတွင် အောင်မြင်စွာ ထူးချွန်ဆု ဆွတ်ခူး...နိုင်ခဲ့ကြပါတယ်။


ထိုအထဲတွင် အဌမတန်း( Northwood Middle School ) မှစတင်ပြီး ( North Side High School ) အထိ (၅)နှစ်ဆက်တိုက် နှစ်စဉ်အတန်းတိုင်းတွင် Top (10) ၀င်ခဲ့ပြီး Top (10) တိုင်းတွင်လည်း ပထမဆု ရရှိခဲ့သူ ဦးခင်ဦး၊ ဒေါ်စိုးမိုးဦးတို့ ၏သမီး မအိအိခင်ဦးက ယခုနှစ်အတွက်လည်း ပထမ၊ ချင်းတိုင်းရင်းသူ Esther Vel က (၄)နှစ်ဆက်တိုက် Top (10) ၀င်ခဲ့ပြီး ယခုနှစ်အတွက် ဒုတိယ ရရှိသွားခဲ့ကြောင်း ၀မ်းမြောက်ဝမ်းသာ ကြားသိခဲ့ရသမျှ မျှဝေလိုက်ပါတယ်။



ပြေတီရဲ့ဘလော့လေးပါ။ မြန်မာတို့အတွက် ဂုဏ်ယူဝမ်းမြောက်စရာသတင်းလေးမို့ပြန်လည်မျှဝေပေးပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map