<div style='background-color: none transparent;'></div>

Home » » ကားတိုက်ခံရသည့်ဟန်ဖြင့် အုပ်စုဖွဲ့ငွေညှစ်ခြင်း ရန်ကုန်၌ ထကြွလာ

ကားတိုက်ခံရသည့်ဟန်ဖြင့် အုပ်စုဖွဲ့ငွေညှစ်ခြင်း ရန်ကုန်၌ ထကြွလာ

(ရန်ကုန်၊ ဇွန် ၁၈)
အုပ်စုဖွဲ့ကာ ကားတိုက်ခံ ရသည့်ဟန်ဖြင့် ငွေညှစ်မှုများ ရန်ကုန် မြို့၌ဖြစ်ပေါ်နေကြောင်း ကိုယ်တိုင် ကြုံတွေ့ရသည့် ကားပိုင်ရှင်တစ်ဦး က ပြောသည်။
”ကျွန်တော်က လမ်းမတော် မြို့နယ် အောက်လမ်း၊ မော်တင်နဲ့ ကမ်းနားလမ်းထောင့်မှာ ဖြစ်တာ၊ နောက်မှန်ကွဲသွားလို့ လှည့်ကြည့် လိုက်တော့ ရှေ့မှာလူနှစ်ယောက် ရပ်နေပြီ။ ကားတိုက်ပြီ ဆိုပြီးတော့ ဒဏ်ရာဟောင်း တစ်ခုနဲ့ ပြဿနာ ရှာတော့တာပဲ။ အရက်မူးနေတဲ့ သူပါပါတယ်။ ရုံးတွေ၊ စခန်းတွေ မရောက်ချင်တော့၊ တစ်သိန်းတောင်း တာ ငါးသောင်းကိုပြောဆိုပြီး ပေးလိုက်ရတယ်” ဟုမြို့တွင်းရှိ ဆောက် လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦး က ယခုလ ၁၈ ရက်နေ့တွင် ပြောသည်။

ယင်းဖြစ်စဉ်တွင် အမျိုးသား  ခုနစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း၊ ကားပိုင်ရှင်များ အနေဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားမှုမရှိ သော်လည်း မိမိပတ်ဝန်းကျင် မှ အသိ မိတ်ဆွေများကို အသိပေးအကြောင်း ကြားခြင်း ရှိကြောင်း သိရသည်။
”ကိုင်ပိုင်ကား မောင်းလာတဲ့ သူနဲ့ ကားထဲမှာ ပါလာတဲ့လူ အခြေ အနေကို ကြည့်ပြီး လုပ်တဲ့သဘော ဖြစ်မှာပါ။ တက္ကစီတွေကိုတော့ လုပ်တာ မရှိဘူး။ လုပ်ခဲ့ရင်လည်း အိတ်ထဲမှာ ပါတာလောက်ပဲ ရမှာပဲ။ ယာဉ်ကြောတွေ ကျပ်တဲ့ နေရာတွေ မှာဖြစ်တာ လို့ ကြားတယ်”ဟု အလုံမြို့နယ် အခြေစိုက် အငှားယာဉ် မောင်း တစ်ဦး က ပြော သည်။
ယင်းကဲ့သို့ ဖြစ်စဉ်များသည် အောက်ကြည့်မြင်တိုင်လမ်း၊ အကယ်ဒမီဆေးရုံ အနီးတွင် တစ်ကြိမ်၊ မြို့မ ကျောင်းလမ်းတွင် တစ်ကြိမ်နှင့် လမ်း မတော်မြို့နယ်တွင် တစ် ကြိမ် ဖြစ်ပွား ခဲ့ပြီး ယင်းဖြစ်စဉ်များ အားလုံးသည် ပုံစံတူ များဖြစ်ကြောင်း ကြုံတွေ့ခဲ့ သူများထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်များသည် ပြီးခဲ့ သည့် ၂ဝဝ၆-ဝ၇ ခုနှစ်တွင် မြို့ တွင်း ဧရိယာရှိ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် တို့တွင် လည်း ဖြစ်ပွားခဲ့ကြောင်း အလုံမြို့ နယ်တွင် နေထိုင်သော အသက် ၅ဝ အရွယ် သတင်းစာ ဆရာ တစ်ဦး ထံမှသိရသည်။

အောင်ထက်
 http://popularmyanmar.com
Share this article :

1 comments:

Unknown said...

ဒီလိုမဖြစ်သင့်ဘူး ထိထိရောက်ရောက် အ ရေးယူသင့် တယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map