<div style='background-color: none transparent;'></div>

Home » » စင်ကာပူကကူညီတတ်တဲ့အစ်မကြီးတစ်ယောက်အကြောင်း

စင်ကာပူကကူညီတတ်တဲ့အစ်မကြီးတစ်ယောက်အကြောင်း

အိမ်ဖော်များကို အလွန်ကူညီချင်ပါတယ်။ ကျွန်လူတန်းစားဖက်က ရပ်တည်တဲ့ ရောမခေတ်က စပါတာကပ်လို သူရဲကောင်းဖြစ်ချင်ခဲ့ပါသည်။

ကျွန်လူတန်းစားအကြောင်း
သိမှတ်သလောက်ရေးရရင် .. ဟိုးခေတ်ကတည်းက ကျွန်ဆိုတဲ့လူတန်းစား (အန္နိယနိုင်ငံမှာ ဇတ်နိုမ့်၊ မြန်မာပြည်မှာ ဘုရားကျွန်၊ အမေရိကန်သမ္မတလင်းကွန်းခေတ်က လူမည်းကျွန်များ... အော် ယခုခေတ်မှာတော့ စင်ကာပူက WP ကုလား၊တရုပ်၊မြန်မာ၊ဘန်ဂလာဒေ့ခ်ျများ၊ အရှေ့ဥရောပနိုင်ငံများမှ ဥရောပနိုင်ငံကြီးများထံ သွားလုပ်ကိုင်တဲ့ တရားမ၀င်အလုပ်သမားများ၊ မလေးရှား၊ထိုင်းနိုင်ငံမှာ တရားမ၀င်လာလုပ်တဲ့ မြန်မာ၊လာအို၊ ကမ္ဘောဒီးယား လူမျိုးများ၊ အမေရိကန်နိုင်ငံမှာ တရားမ၀င်အလုပ်လာလုပ်တဲ့ မက္ကဆီကို လူမျိုး ၁၀သန်းကျော်၊ အလယ်ပိုင်းအမေရိကနိုင်ငံများ - ဟွန်ဒူးရပ်၊ဂွာတီမာလာ၊ကျူးဗား များမှ အမေရိကန်နိုင်ငံတရားမ၀င်လုပ်ကိုင်နေထိုင်သူများ ... စတဲ့လူတွေကို ခေတ်သစ်ကျွန်လို့ သတ်မှတ်ပါမယ်။

ရောမခေတ်က ကျွန်လူမျိုးအကြောင်းကို သေချာစွာ ဖတ်မှတ်၊ လေ့လာဖူးပါတယ်။ ကိုယ်တိုင်လည်း ကျွန်အဖြစ်နဲ့ စင်ကာပူမှာ အလုပ်လုပ်ရာကနေ လွတ်မြောက်လာခဲ့တော့ ဖေမြင့်ဘာသာပြန်တဲ့ ဘေဘီလုံမှအချမ်းသာဆုံး စာအုပ်ကို အထူးနှစ်ခြိုက်ပါတယ်။ သူဌေးကြီးလည်း ကျွန်ဖြစ်သွားနိုင်တယ်။ စစ်ရှုံးတော့ ကျွန်ဘ၀ရောက်သွားနိုင်တယ်။ ဒါမှမဟုတ် အသုံးစွဲမဆင်ချင်လို့ အကြွေးတင်ပြီး ကျွန်ဘ၀ရောက်သွားတယ်။ ကျွန်ဘ၀ကနေ မိမိကိုယ် ပြန်ဝယ်ယူပြီး လွတ်လပ်သူဘ၀ ရောက်သွားနိုင်တယ် .. စသဖြင့် စိတ်ဝင်စားစရာကောင်းပါတယ်။  


အခုခေတ်မှာလည်း အကြွေးနဲ့ နဘမ်းလုံးနေတဲ့ ငွေရဲ့ကျေးကျွန်ဘ၀က ထွက်ဖို့ ကြိုးစားနေသူများစွာရှိပါတယ်။ ကိုယ့်မှာ ငွေတော့ရှိပါတယ် .. ဒါပေမဲ့ ငွေရဲ့ကျေးကျွန်ဘ၀ရောက်နေရှာသူများပေါ့...။ ဘယ်လိုလွတ်မြောက်နိုင်မလဲ...။


ထားပါတော့။


ကူညီတတ်တဲ့အစ်မကြီးတစ်ယောက်အကြောင်း အနည်းငယ်ရေးပါမယ်။ အသက်၃၅နှစ်အရွယ် အမကြီးဆီကို စင်ကာပူက အိမ်ဖော်မြန်မာမိန်းကလေးတယောက် (တယ်လီဖုန်းနံပါတ်ရထားလို့) ဖုန်းဆက်ပြီး ငိုယို၊တိုင်တည်တယ်။ သူ့အိမ်ရှင်က ဆိုးတယ်ပေါ့။ ကြားဝင်ပေးပါဦး၊ အင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်လို့ ..ဘာညာ ငိုယို၊ပြောပြရှာတယ်။  ဒီလို ငိုယိုပြောတဲ့ အားကိုးတကြီး (အထူးသဖြင့် မိန်းမငယ်) များဆိုရင် ယေင်္ကျားဘသားကြီးများ စိတ်သိပ်ထိခိုက်မှာ သေချာပါတယ်။ ငွေ ဒေါ်လာ ထောင်၊  သောင်းနဲ့ချီပြီး ကူညီခဲ့ဖူတဲ့သူများ ပိုနားလည်မှာပါ။


နောက်ဆုံးတော့ အိမ်ရှင်မ တရုပ်အမျိုးသမီးနဲ့ အိမ်ဖော်မလေး ကြားမှာ ကူညီတတ်တဲ့ အစ်မကြီး ပြေလည်အောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ရှင်တရုပ်မနဲ့ ချိုင်းနားတောင်း  China Town မှာ တွေ့ဖို့ ချိန်းလိုက်တယ်။ အားလုံး တွေ့ချိန်မှာ ထုံးစံအတိုင်း တရုပ်မကြီးက အင်္ဂလိပ်လို ပြောပြတယ်။ အိမ်ဖော်က တာဝန်မကျေ၊ ပြောတာနားမလည်ဘူး၊ ဒီတော့ အိမ်ဖော်မလေး ကို ပြုပြင်ပေးဖို့ ပြောတယ်။ အိမ်ဖော်မလေးကလည်း ဗမာလို အနိုင်ကျင့်ခံရကြောင်း ပြောတယ်။ နာရီဝက်လောက် အချေတင်ပြောဆိုရင်း အိမ်ဖော်မလေးဖက်က စကားနဲ့ အရေးနိုမ့်စပြုလာတယ်။ ကူညီတတ်တဲ့ အစ်မကြီးကလည်း ကိုယ့်လူမျိုး မြန်မာအိမ်ဖော်မလေးက အမှားပိုများနေတာ တဖြေးဖြေး သဘောပေါက်လာတယ်။


အဲဒီအချိန်မှာ အိမ်ဖေါ်မလေးက ရုတ်တရက် ထပြီး ပြေးပါလေရော။ တရုပ်မကြီးကနဲ့ သူ့ရဲ့သား ၁၄နှစ်အရွယ် ၂ယောက်က အတင်းလိုက်ဖမ်းတော့ ၁၄နှစ်သား သွက်လက်တဲ့ လူငယ်လေးရဲ့လက်ထဲ မြန်မာအိမ်ဖော်မလေး ပြန်မိသွားရှာတယ်။ ချိုင်းနားတောင်းမှာ ရုတ်ရုတ်ရက်ရက် ဖြစ်သွားပြီး တရုပ်မကြီးက ချက်ချင်း နိုင်းနိုင်းနိုင်း 999 နံပါတ်နဲ့ ရဲကိုခေါ်လိုက်တော့ ၁၀မိနစ်အတွင်း ရဲရောက်လာတယ်။ ပတ်ဝန်းကျင်က လူတွေဝိုင်းလာမေးတော့ အိမ်ဖော်မလေး ထွက်ပြေးလို့ လိုက်ဖမ်းရတယ် .. တရုပ်လိုရှင်းပြတယ်။ နောက်ပြီး ကူညီတတ်တဲ့ အစ်မကြီးကိုလည်း နင်လည်းမပြေးနဲ့၊ နင်တို့ ၂ယောက် တိုင်ပင်ပြီး ငါ့အိမ်ဖော် ထွက်ပြေးအောင်လုပ်တယ် .. စွပ်စွဲတယ်။ ရဲရောက်လာပြီး ရဲက မေးမြန်းတော့ ကူညီတတ်တဲ့အစ်မကြီးကလည်း စင်ကာပူမှာကြားပီပဲ၊ ဘယ်ရမလဲ၊ ငါ့ကူညီတာ ငါ့ကို ဒီလိုမတရားမစွပ်စွဲနဲ့ ပြန်ပြောတယ်။ ရဲက အိပ်ကိုဖွင့်ရှာမယ်၊ အိုင်စီပြ ဘာညာလုပ်လာတော့ ပီအာ Permanence Resident ဖြစ်နေပြီး၊ စင်ကာပူမှာ နှစ်ပေါင်းများစွာ မြန်မာများစွာကို ကူညီနေတဲ့ - ကူညီတတ်တဲ့အစ်မကြီးက ဘယ်ငြိမ်ခံနေမလဲ။ နောက်ဆုံးတော့ ရုန်းရင်းဆန်ကန် နဲ့ ရဲစခန်းရောက်၊ အိမ်ဖော်မလေးလည်း ထိမ်းသိမ်းရေးစခန်းရောက် .. ရဲအမှုကိုလည်း မနည်းပြန်ပိတ်ရတယ်။


အိမ်ဖော်က အိမ်ဖော်ပါပဲ။


သူများကို ကူညီတာ အလွန်ကောင်းပါတယ်။ အကူညီတောင်းသူရဲ့ စိတ်နေစိတ်ထားကို သိနိုင်ဖို့ ဘုရား (နတ်ကောင်းနတ်မြတ်) တွေပဲတတ်နိုင်မှာပါ။ အိမ်ဖော် စိတ်ထား (ကျွန်စိတ်ထား) ရှိသူကို ကူညီရင် အများကြိးသတိထားရပါမယ်။ ကျွန်တော်လည်း မတရားတဲ့ အေးဂျင့်တွေကို ဖိုက်တင် အများကြီးလုပ်ခဲ့ဖူးပါတယ်။ ကိုယ်ကူညီတဲ့ မြန်မာအလုပ်သမားကိုနှိုက်က ကျွန်စိတ်ထားရှိသူ ဖြစ်နေတဲ့အတွက် ကားကားကြီးကျန်ခဲ့ရဖူးပါတယ်။ (ရှည်နေမှာမို့ မရေးတော့ပါဘူး) ။


ကျွန်တော့ မှတ်ချက်ကတော့ "အိမ်ဖော် စိတ်ထား (ကျွန်စိတ်ထား) ရှိသူကို ကူညီဖို့ လိုအပ်လာရင် အများကြိးသတိထား၊ ဆုတောင်း၊ ဘုရားကို အားကိုးရပါမယ်။"


မိမိဟာ ကျွန်စိတ်ရှိသူလား၊ သခင်စိတ်ရှိသူလား...?
ဝတ်မှုန်
 http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:319200?xg_source=activity
Share this article :

2 comments:

ချစ်စံအိမ် said...

ဖတ်သွားပါတယ်.

စံပယ်ချို said...

ဖြစ်ရလေခြင်းနော် ကူညီတဲ့သူပါဒုက္ခ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map