<div style='background-color: none transparent;'></div>

Home » » ရန်ကုန်လေဆိပ်ရှေ့တွင်ဒေါ်အောင်ဆန်းစုကြည်အား အိုးစည်ဒိုးပတ်များဖြင့် ကခုန်ကြိုဆို။(သတင်းဓာတ်ပုံနှင့်အတူ)

ရန်ကုန်လေဆိပ်ရှေ့တွင်ဒေါ်အောင်ဆန်းစုကြည်အား အိုးစည်ဒိုးပတ်များဖြင့် ကခုန်ကြိုဆို။(သတင်းဓာတ်ပုံနှင့်အတူ)




ဓာတ်ပုံများ- The Messenger's facebook


မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ် သွားရောက်ခဲ့ပြီး အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ် အထိ လမ်းတလျှောက် မြန်မာနိုင်ငံသူ နိုင်ငံ သားများ က သောင်းသောင်းဖျဖျ ကြိုဆိုရေး မြင်ကွင်း တချို့ပါ။




ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မြန်မာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတဦး ပီပီ အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး တယောက်ပီပီ ကမ္ဘာမှာ ပြိုင်စံရှားလောက်အောင် နိုင်ငံရေး သဘောတရားအမြင်တွေနဲ့  အတွေးအခေါ် ဒဿနာပိုင်းဆိုင်ရာတွေကို ချပြနိုင်ခဲ့တာတွေဟာ နိုင်ငံ တကာ ခေါင်းဆောင်တွေ လက်ဖျားခါရ လောက်အောင် စံတင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာ ခေါင်းဆောင်တွေက လက်ခုပ်လက်ဝါးတီးကာ အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြတာပါ။


တိုင်းပြည်ရဲ့ တကယ့် သံကောင်း တမန်ကောင်း အဖြစ် ကမ္ဘာ့အလယ် တင့်တယ်စေခဲ့ပြီး မြန်မာ့ဂုဏ်ကို မြင့်မြင့် မားမား ဆောင်နိုင် ခဲ့တာကြောင့် အိမ်အပြန်လမ်း စောင့်ကြိုသူများက အနီရောင် ၀တ်စုံဝတ်သူက ၀တ်၊ အရောင် အသွေး စုံစုံလင်လင်နဲ့ NLD အလံတွေကတော့ လှုပ်ရမ်းပြီး စည်ကားနွေးထွေးစွာ ကြိုဆိုနေကြ တာပါ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ပါတီဝင်တွေ၊ အနုပညာအသိုင်းအ၀ိုင်းနဲ့ နယ်ပယ် အသီးသီး အလွှာ အသီးသီးက လူငယ်၊ လူကြီး၊ လူလတ် ပေါင်းစုံတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပါ။
.ရန်ကုန်လေဆိပ်ရှေ့တွင်ဒေါ်အောင်ဆန်းစုကြည်အား အိုးစည်ဒိုးပတ်များဖြင့်
ကခုန်ကြိုဆို။
http://blog.irrawaddy.org/2012/06/blog-post_9905.html
Share this article :

1 comments:

nandalayan said...

ဂုဏ်ယူဝမ်းမြောက်လို့မဆုံးပါအမေ။
(အဝေးရောက်သား)

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map