<div style='background-color: none transparent;'></div>

Home » » ရွှံ့နွံထဲ၌ ခွေးတစ်ကောင်ကို ကယ်ရန်ကြိုးစားစဉ် ၁၁နှစ်အရွယ် မိန်းကလေးနှစ်ဦး ခါးအထိရွှံ့ထဲနစ်ခဲ

ရွှံ့နွံထဲ၌ ခွေးတစ်ကောင်ကို ကယ်ရန်ကြိုးစားစဉ် ၁၁နှစ်အရွယ် မိန်းကလေးနှစ်ဦး ခါးအထိရွှံ့ထဲနစ်ခဲ

ဗြိတိန်နိုင်ငံ ဟမ့်ရှိုင်းယားပြည်နယ် ပို့စ်မောက်မြို့ လန်းစတုန်းဆိပ်ကမ်း၌ ၁၁နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ရွှံ့နွံထဲ၌နစ်နေသော ၎င်းတို့၏ခွေးကိုကယ်တင်ရန် ကြိုးစားစဉ် ရွှံ့နွံထဲ၌ ခါးအထိနစ်နေခဲ့ပြီး ၎င်းတို့၏ ခွေးမှာမူ လွတ်မြောက်သွားကြောင်း DMသတင်းဌာနက ဇွန်လ၁၈ရက်နေ့တွင် ဖော်ပြသည်။
အဆိုပါမိန်းကလေးနှစ်ဦးကို အနီးအနားရှိ ခွေးကျောင်းထွက်နေသူများက မြင်တွေ့သွားပြီး ကမ်းခြေစောင့်လုံခြုံရေးများအား အကြောင်းကြားခဲ့သည်။ ယင်းနောက်ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့သည် ကယ်ဆယ်ရေးဝတ်စုံများ အထူးဖိနပ်များကို ၀တ်ဆင်လျက် တုတ်ချောင်းရှည်များသုံးကာ မိန်းကလေးငယ်နှစ်ဦးအား ကယ်ဆယ်ခဲ့ရသည်။ယင်းနောက် သူတို့နှစ်ဦးအား စောင်များဖြင့်ပတ်ကာ အလက်ဇန္ဒားဘုရင်မဆေးရုံသို့ပို့ကာ ကြောက်လန့်တုန်လှုပ်နေမှုအား ကုသပေးခဲ့ရကြောင်း သိရသည်။
ပြည်မြန်မာဂျာနယ်
Share this article :

2 comments:

ချစ်စံအိမ် said...

ဖတ်သွားပါတယ်..

Unknown said...

လေးစားပါတယ်ဗျာ...
တော်တော်ချစ်တယ်ထင်တယ် တိရိစ္ဆာန်လေးတွေကို...:)))

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map