<div style='background-color: none transparent;'></div>

Home » » အေဂျင်စီများ မလေးရှားသို့ အမျိုးသမီးလုပ်သားစေလွှတ်မှု ရပ်နားထား

အေဂျင်စီများ မလေးရှားသို့ အမျိုးသမီးလုပ်သားစေလွှတ်မှု ရပ်နားထား

ရန်ကုန်၊ဇွန်-၂၂
မလေးရှားနိုင်ငံသို့ အမျိုးသမီးလုပ်သားများတရားဝင်ပို့ဆောင်နေခြင်းအား ရပ်ဆိုင်းထား
ရကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
''ခေါ်စာကျပြီးသားတွေကို Labour Card(အလုပ်သမားကတ်)မထုတ်ပေးတာပါ'' ဟု
ကျောက်တံတားမြို့နယ်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်အား ဆက်သွယ်မေးမြန်းသောအခါ ''ရပ်ထားတာတော့မဟုတ်ပါဘူး။ စိစစ်နေတာပါ။ Demand Letter
မှန်ကန်မှုရှိမရှိကို သံရုံးနဲ့ စိစစ်နေတာပါ။ မှန်ကန်တယ်၊ ပြည့်စုံ တယ်ဆိုရင် ခွင့်ပြုပေးပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
သို့ရာတွင် မလေးရှားနိုင်ငံသို့ အမျိုးသမီးလုပ်သားများ စေလွှတ် ၍ မရသည်မှာ တစ်လနီးပါးကြာမြင့်နေပြီး ခေါ်စာကျပြီးသား အမျိုး သမီးလေးရာခန့် မသွားရောက်နိုင်ဘဲ စောင့်ဆိုင်းနေရကြောင်း အေ ဂျင်စီအသိုင်းအ၀ိုင်းကဆိုသည်။
အစိုးရက စတင်ခွင့်ပြုပေးခဲ့ပြီးနောက်ပိုင်း အမျိုးသမီးလုပ်သား အချို့ကို မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။
''ခွင့်ပြုတဲ့အချိန်ကနေ နိုင်ငံကူးလက်မှတ်လုပ် ဗီဇာလျှောက်ပြီး လွှတ်ရတော့မယ့်အချိန်ကျမှ ပေးမသွားသလိုဖြစ်နေတယ်''ဟု မ လေးရှားသို့ အလုပ်သမားပို့ဆောင်နေသော အေဂျင်စီမှ တာဝန်ရှိသူ
တစ်ဦးကပြောသည်။ မြန်မာအစိုးရက ဒီဇင်ဘာလ ၁၉ ရက်မှစ၍စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့အား အမျိုးသမီး လုပ်သားများ အား တရားဝင်စေလွှတ်ရန် ခွင့်ပြုခဲ့သည်။
ထိုကဲ့သို့ ခွင့်ပြုရာတွင် အိမ်အကူ၊ သန့်ရှင်းရေးလုပ်ငန်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ခွင့်မပြုဘဲ အလုပ်သမားငါးဦးအထက် ရှိ သော စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့သည်။
ဗီယက်နမ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများ ဖွံ့ဖြိုးလာပြီးနောက် ထိုနိုင်ငံမှ အမျိုးသမီးလုပ်သားများမှာ မိခင်နိုင်ငံသို့ ပြန်သွားသဖြင့် ထိုနေရာတွင် မြန်မာနိုင်ငံမှ အမျိုးသမီးလုပ်သားများဖြင့် အစားထိုး ရန် ခေါ်ယူလာကြခြင်းဖြစ်သည်။
 7Day News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map