<div style='background-color: none transparent;'></div>

Home » » မန်းညခင်း ထူးခြားအလင်းရောင်ကြောင့် လူအများစိတ်ဝင်စားခဲ့

မန်းညခင်း ထူးခြားအလင်းရောင်ကြောင့် လူအများစိတ်ဝင်စားခဲ့


Popular News Journal , 19June 2012 —-  မန္တလေးတွင် ဇွန် ၁၈ ရက်နေ့ ည ၈နာရီ ခန့်က ကောင်းကင်ယံတွင် ထူးခြား အလင်းရောင်တစ်ခု ရွေ့လျားနေသည်ကို မန်းမြို့သူမြို့သားအပေါင်း မြင်တွေ့ခဲ့ကြောင်းသိရသည်။
“ပထမတော့ ရဟန္တာတစ်ပါးကြွတယ်ပြောတယ်။နောက်တော့ UFO လို့လည်းပြောတယ်။နောက် ဟိုတယ် တစ်ခုပေါ်က ဆလိုက်မီးလို့လည်း ဆိုကြတယ်။ဆန်းတော့ ဆန်းတယ်ဗျ လအရွယ်လောက်ရှိတဲ့ တိမ်စိုင် က ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ အလင်းတန်းဆိုလည်း အောက်က ဆလိုက်မီးတန်း မတွေ့ရဘူး။
စစ်တပ်သုံးမီးဆလိုက်လို့လည်း ဖေ့ဘွစ်မှာ ရေးကြတယ်ဗျာ”ဟု မန်းမြို့ခံ တစ်ဦးကဆိုသည်။ အဆိုပါ အလင်းရောင် တိမ်စိုင်ကို မန်းမြို့ခံ အများအပြားတွေ့ခဲ့ရပြီး ဓာတ်ပုံရိုက်သူများဖြင့် စည်ကားခဲ့သည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map