<div style='background-color: none transparent;'></div>

Home » » စစ်တွေ နောက်ဆုံးရသတင်းများစုစည်းမှု

စစ်တွေ နောက်ဆုံးရသတင်းများစုစည်းမှု


Arakan Times, 9June 2012 —– ဇွန်လ ၉ ရက်နေ့ ညဥ့် ၈ နာရီတွင် လီမူဆလင်ကုလားအုပ်စုတစ်ခုသည် မင်းဂံရပ်ကွက် အကွက် ၁၅ ရှိ ရခိုင်အိမ်တစ်အိမ်ကို ဝင်ရောက်မီးရှို့ပြီး အသက် (၄၀)ကျော် ရှိသော ဦးဘစိန်ကိုလည်း သတ်ဖြတ်ခဲ့သည်ကို သတင်းရရှိသည်။
မောင်တောမှာဖြစ်ပျက်နေသော ပြဿနာသည် စစ်တွေမြို့ရှိ ဘင်္ဂလီမူဆလင်ကုလားများသို့ ကူးစက်၍ လူမျိုးရေး ကျုးကျော်တိုက်ခိုက်မှုနှင့် အကြမ်းဖက်ကာ ရခိုင်တိုင်းရင်းသားများကို လိုက်လံသတ်ဖြတ်နေပြီး လူနေအိမ်များကိုပါ မီးရှိုးဖျက်ဆီးနေကြောင်းကို လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသော လူငယ်တစ်ဦး သတင်းပေးပို့ချက် အရသိရသည်။

ဘင်္ဂလီမူဆလင်များလက်ချက်ကြောင့် ဦးဘစိန်အသတ်ခံရမူနှင့်ပတ်သတ်၍ မင်းဂံရပ်ကွက် ဘေးပတ်ဝန်းကျင် တွင်ရှိသော အကွက် (၅)၊ (၁၃)၊ (၁၄)၊ (၁၅)၊ (၁၆)၊ မှ ရခိုင်တိုင်းရင်းသားများသည် မင်းဂံဓမ္မရုံမှာ ဒုက္ခသည်အဖြစ် လူပေါင်း (၃၀၀)ကျော်လောက် ခိုလှုံနေရသည့်အပြင် မင်းဂံရဲစခန်းမှာလည်း လူအမြောက်အမြား ခိုလှုံနေရကြောင်းကို သိရှိရသည်။ ရဲလုံထိန်းများက ဒုက္ခရောက်နေသော ရခိုင်တိုင်းရင်းသားများကို အကြမ်းဖက်သော မူဆလင်ဘင်္ဂလီကုလားများလက်မှ လွတ်မြောက်အောင် ကာကွယ်ပေးနေသော်လည်း ရဲလုံထိန်းများမှာ အင်အားနည်းနေသဖြင့် ရှေ့ဆက်ပြီး ပြဿနာကြီးကြီးမားမား ဖြစ်လာနိုင်ကြောင်းကို ယင်းလူငယ်က ဆက်လက်ပြောပြသွားသည်။
စစ်တွေမြို့တွင် ဒုက္ခရောက်နေကြသော ရခိုင်တိုင်းရင်းသားများမှာ နိုင်ငံတော်က အကာအကွယ် အပြည့်အဝလိုအပ်နေကြောင်းကိုလည်း သိရသည်။

ညဥ့် ၁၁ နာရီ

အကြမ်းဖက် မူဆလင်များသည် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ အကွက်(၁)ကို မီးရှို့ဖျက်ဆီးလိုက်ပြီး ရခိုင်တိုင်းရင်းသားများကိုပါ လိုက်လံသတ်ဖြတ်နေသည်ကို စစ်တွေဒေသခံတစ်ဦး သတင်းပေးပို့အချက်အရ သိရသည်။
စစ်တပ်မှကာကွယ်မှုအားနည်းသောကြောင့် အကြမ်းဖက်မူဆလင်လက်တွင်းမှ လွတ်မြောက်အောင် ရခိုင်တိုင်းရင်းသားများသည် နေစရာမရှိဘဲထွက်ပြေး တိမ်းရှောင်နေရပြီး အသက်န္တရယ်ကိုပါ စိုးရိမ်နေရကြောင်းကိုလည်း သိရှိရသည့်အတွက် မြန်မာနိုင်ငံအစိုးရထံမှ ကြီးကြီးမားမားအကာကွယ် လိုအပ်နေကြာင်းကိုလည်း သိရှိရသည်။
၁၀ရက်နေ့ နံနက် ၂ နာရီသတင်း
ဆက်လက်ပြီး အကြမ်းဖက်မူဆလင်ကုလားများသည် ဗလီတွင်လူစုပြီး မင်းဂံရပ်ကွက် အကွက်(၁)၊ (၂) တွင်ရှိသော ရခိုင်တိုင်းရင်းသားများနေအိမ်ကို မီးရှို့ရန်နှင့် လူတွေကိုပါသတ်ရန် ချီတက်လာကြောင်းကို စစ်တွေမြို့ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။

အကွက်(၁)နှင့် (၂)တွင်နေထိုင်သော ရခိုင်တိုင်းရင်းသားများက ရဲလုံထိန်းများကို သတင်းပေးပို့တဲ့ အတွက်ကြောင့် ရဲလုံထိန်းများနှင့် စစ်တွေမြို့တွင်ရှိ ရွာသားတစ်ရာက လိုက်ပါလာပြီး ချီတက်လာသော အကြမ်းဖက်မူဆလင် ကုလားအုပ်စုကြီးကို ရဲလုံထိန်းများက သေနတ်ကိုမိုးပေါ်ထောင်ပစ် ခြိမ်းခြောက်နေသော်လည်း အကြမ်းဖက်မူဆလင်ကုလားများမှာ ထွက်မပြေးဘဲ မိမိတို့နေတဲ့အိမ်ကိုပါ မီးရှို့နေကြောင်းကိုလည်း သိရသည်။
လူနေအိမ်ကိုမီးရှိုးနေသော အကြမ်းဖက်မူဆလင်ကုလားတွေကို ရဲလုံထိန်းများမှာ မိုးပေါ်ထောင်ပစ်ရာကနေ ကုလားများအား တိုက်ရိုက်လိုက်ပစ်သည်။ ကျည်ကုန်ခါနီးပြီဖြစ်သောကြောင့် နောက်ထပ်ရဲလုံထိန်းများကို အင်အားဖြည့်ရန် အကူအညီတောင်းဆိုလိုက်ပြီး ကျည်အမြောက်အမြားနှင့် လိုက်ပစ်ခဲ့သောကြောင့် အကြမ်းဖက်မူဆလင်ကုလားများမှာ ထွက်ပြေးသွားကြောင်းသိရှိရသည်။ ၄င်း မူဆလင်ကုလားများသည် ရဲတပ်ဖွဲ့ဝင်များအား ဂျင်ကလိများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း စစ်တွေမြို့ဒေသခံတစ်ဦးက ဆက်လက်ပြောပြသွားသည်ကိုလည်း သိရှိရသည်။
ရဲတပ်ရင်းများက ဆက်လက်ပြီး ဒုက္ခရောက်နေသော ရခိုင်တိုင်းရင်းသားများကို ရွာသားများနှင့်အတူ လူစုခွဲပြီး အကာအကွယ်ပေးနေကြောင်းကိုလည်း သိရသည်။
၁၀ရက်နေ့ နံနက် ၃ နာရီ
ထွက်ပြေးသွားသော အကြမ်းဖက်မူဆလင်ကုလားများသည် သဲချောင်းကျေးရွာမှ ချီတက်လာသော ကုလားများနှင့် ပူးပေါင်းပြီး ဘုမေရွာဘက်သို့ ချီတက်လာနေကြောင်း သတင်းရရှိသည်။ စစ်တွေ မင်းဂံရပ်ကွက်တွင် ရဲတစ်ချို့နှင့် ရခိုင်ပြည်သူများ ဆက်လက်၍ လုံခြုံရေးယူထားရသေးကြောင်း သိရှိရသည်။
ဆက်လက်တင်ပြပါဦးမည်
Written by မင်းသွီး
Share this article :

1 comments:

3rdthameetaw said...

ခက်တော့နေပါပြီ။...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map