<div style='background-color: none transparent;'></div>

Home » » မနက်ဖြန်ဇွန်၂၆ရက်နေ့ မွေးနေ့မှာ မိဘမဲ့ ကလေးတွေကို အဝတ်အထည်တွေ သွားရောက်လှူဒါန်းမယ့် မိုးဟေကို

မနက်ဖြန်ဇွန်၂၆ရက်နေ့ မွေးနေ့မှာ မိဘမဲ့ ကလေးတွေကို အဝတ်အထည်တွေ သွားရောက်လှူဒါန်းမယ့် မိုးဟေကို

ဇွန်၂၆ရက်နေ့ မွေးနေ့ရှင်မိုးဟေကိုက ဒီနှစ်မွေးနေ့ကို သူမကိုးကွယ်တဲ့ ဘုန်းကြီးကျောင်း နှစ်ကျောင်းမှာအလှူလုပ်ပြီး စတုဒိသာကျွေးမှာဖြစ်ကြောင်း နဲ့မိဘမဲ့ကလေးေ တွကိုတော့ အဝတ်အထည် တွေသွားရောက်လှူဒါန်းမှာဖြစ်ကြောင်းပြောပြပါတယ်။”မွေးနေ့မနက်အစောကြီး သက်သတ်လွတ်ဆွမ်းကပ်မယ်။ နေ့လယ် ကို နောက်တစ်    ကျောင်းမှာစတုဒိသာကျွေးဖို့စီစဉ်ထားတယ်။ အင်္ကျီအဝတ်အစားတွေကို တော့ ဘယ်မိဘမဲ့ကျောင်းကို လှူရင်ပိုပြီးထိရောက်မလဲစဉ်းစားနေ တယ်၊၊တကယ်လို အပ်ေ နတဲ့နေရာတွေမှာလှူချင်တဲ့အတွက်ကြောင့် ပါ။ နှစ်တိုင်းမွေးနေ့ကတော့ဒီလိုမျိုးအလှူလေးတွေနဲ့ဖြတ် သန်းဖြစ်ပါတယ်။မွေးနေ့မှာ အမှတ်တရဆိုတာမျိုးထွေထွေ ထူးထူးလည်းမရှိသလိုမွေးနေ့ပွဲကို အကြီးအကျယ် လုပ်ပြီး ဖြတ်သန်းတာမျိုးလည်းမရှိပါဘူး။ ပွဲကြီးလုပ်ပြီး လူတွေကို လိုက်ဧည့်ခံရမှာဧည့်ဝတ်မကျေမှာစိုးလို့ မလုပ်ဖြစ် ဘူး။ရင်းနှီးတဲ့သူတွေနဲ့မုန့်စားတယ်၊၊ ဒီလောက်ပဲ ရှိပါတယ်၊၊အပျော်အပါးတော့ သိပ်ပြီးမလုပ်ဖြစ်ဘူး။မွေးနေ့ လက် ဆောင်တွေထဲမှာမှတ် မှတ်ရရရှိတဲ့ မွေးနေ့လက်ေ ဆာင်ရှိလားဆိုတာ တော့မပြောပြဘူး”လို့ ရယ်ရယ် မောမောနဲ့ပြောပါတယ်။မိုးဟေကိုက လတ်တလော မှာတော့ ဇင်ဝိုင်း၊ ကောင်းပြည့် တို့နဲ့ ဇာတ်ကားရိုက်ကူးနေပြီး ဒီဇာတ်ကားထဲမှာ အလုပ်ရှင်ရဲ့ သားနဲ့အိမ်ထောင်ပြုလိုက်တဲ့ကောင် မလေးတစ်ယောက်အဖြစ်သရုပ် ဆောင်နေပါတယ်။ ကိုယ်ဝန်ကြီးနဲ့ ယောက်ျားဆေးရုံတက်တာကို လာ ကြည့်တဲ့ ဇာတ်ဝင်ခန်းရိုက်ကူးနေတဲ့ မိုးဟေကိုကကိုယ်ဝန်ဆောင်တစ်ယောက် အဖြစ်သရုပ်ဆောင်ရတဲ့အကြောင်း ကို အခု လိုပြောပြပါတယ်။ ”ကိုယ်ဝန်အရင့် အမာကြီးနဲ့ သရုပ် ဆောင်ရတာဆိုတော့အနေအထိုင်တော့ ကျဉ်းကျပ်တာပေါ့။ဗိုက်ကြီးသည်ဇာတ် ရုပ်မျိုးကို အရင်ကလည်းရိုက်ဖူးတယ်။ဗိုက်အတုကိုတော့အော်ဒါပေး ပြီးချုပ် ထားတယ်။ချုပ်ဝတ်ပြီးဗိုက်လေး ကို စည်းလိုက်ရတာပေါ့၊၊တစ်ခါတည်းချုပ်ထား ပြီးသားရှိတာ”လို့ မင်းသမီးတစ်ယောက် ဖြစ်တဲ့အတွက်သရုပ်ဆောင်တဲ့အခါ အဆင် ပြေစေဖို့ဗိုက်အတုကိုပါချုပ်ပြီးသိမ်းထား ရကြောင်းပြောပြပါတယ်။
ဝဿန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map