<div style='background-color: none transparent;'></div>

Home » » ရုပ်ရှင်ဆန်ဆန် ကားတိမ်းမှောက်မှု

ရုပ်ရှင်ဆန်ဆန် ကားတိမ်းမှောက်မှု



Popular News Journal , 10May 2012  —- ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ နယ်မြေပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် နယ်နိမိတ်အစပ်၊ရာဇဌာနီ လမ်းမပေါ်၌ မေလ ( ၉ )ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ်ခန့်တွင်ဖြစ်ပွား ခဲ့သည်ဟုသတင်းရရှိသည်။
ပြိုင်ကားမှာ အမဲရောင်ဖြစ်ပြီးBMWတံဆိပ်ဖြစ် သည်။
ကားသည်ရာဇဌာနီလမ်းမအလယ်ရှိလမ်းလယ်ကျွန်းကိုအရှိန်ပြင်းစွာ တိုက်ခဲ့ပြီး၎င်းလမ်းလယ်ကျွန်းမှ ကိုက် ၈၀ (ပေ ၂၄၀ )အကွာသို့လွင့်စင် ပြုတ်ကျသွားသည်ဟု သိရသည်။
“ကားကျတာနှင့်တစ်ပြိုက်နက်မီးတွေထ လောင်တယ်၊ပေါက်ကွဲသံတွေလည်းကြားရတယ်၊ကားမောင်းတဲ့ သူကငယ် ငယ်လေးပဲရှိသေးတယ်။အသက် ၂၅ နှစ်အရက်စော်နံနေတယ်လို့လည်း သိရတယ်။ယာဉ်မောင်းသူ က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။
ည ၁၀ နာရီ ၅၅ မိနစ် မှာမီးသတ်ကားတွေ ရောက်လာပြီး မီးငြိမ်းသတ်လိုက် တယ်” ဟုမျက်မြင်သက်သေတစ်ဦး ကပြောပြသည်။ ထိုကဲ့သို့မော်တော် ယာဉ်တိမ်းမှောက်မီးလောင်မှုသည် ယခင်ကဖြစ်ပွားခဲ့သော်လည်း ပြိုင်ကား တိမ်းမှောက် မီးလောင်မှု မှာမရှိခဲ့ဘူးသေးကြောင်းသတင်းရရှိသည်။
Share this article :

2 comments:

ချစ်စံအိမ် said...

မူးရင်မမောင်းနဲ့ဆိုတဲ့စည်းကမ်းကိုမလိုက်နာတော့
အသက်ပါရှူံးဆုံးတာပေါ့လေ ဟူးး

Unknown said...

လွယ်ဘူးနော်...ကံဆိုးတာပဲ...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map