Yangon Media Group , 16May 2012 —- ဒဂုံဆိပ်ကမ်းမြို့နယ်သို့ပြေး ဆွဲပေးနေသောပါရမီ၂၃၂ယာဉ်လိုင်းအား မေလ၁၆ရက် နေ့မှစ၍ ပိတ်သိမ်း လိုက်ပြီ ဖြစ်ကြောင်းပါရမီ ယာဉ်လိုင်းမှတာဝန်ရှိသူ တစ်ဦးကထုတ် ဖော်ပြောကြား လိုက်သည်။ အဆိုပါ၂၃၂ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အား ဒဂုံဆိပ်ကမ်းမြို့နယ်၌ နေထိုင် သူပြည်သူ အခိျု့က ခြိမ်းခြောက်ရန်လိုမှုများ ရှိနေသဖြင့် ယခုကဲ့သို့ယာဉ်လိုင်းက ပိတ်သိမ်း လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
”၂၃၂ယာဉ်လိုင်းကယာဉ် မောင်းတွေကမောင်းကိုမမောင်းရဲကြတော့ ဘူး။ကျွန်တော်တို့ယဉ်လိုင်းနဲ့ ပတ်သတ်မှု မရှိတဲ့သူ အခိျု့နဲ့အပြင်ကလူတွေနဲ့ခိုက်ရန် ဖြစ်ပွားခဲ့တာတွေရှိတယ်။ကျွန်တော်တို့ ပါရမီက လူတွေနဲ့ ဘာပတ်သတ် မှုမှမရှိပါ ဘူး။ ရေရှည်မဖြေရှင်းချင်တာတွေရှိတော့ ယာဉ်လိုင်းပိတ်သိမ်း လိုက်ရ တာပါ။” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ ပါရမီ၂၃၂ယာဉ်လိုင်း၂၃စီး ရှိရာအဆိုပါယာဉ်များ ကိုယခုအခါတက္က သိုလ်များသို့ပြေးဆွဲပေး နေသော ယာဉ်လိုင်း များ တွင် ထပ်မံဖြည့်တင်း၍ ပြေးဆွဲပေး လျှက်ရှိကြောင်းသိရသည်။
”တခိျု့ ဒဂုံဆိပ်ကမ်း မှာနေတဲ့ နယ်ခံယာဉ်မောင်းတွေက ကားကိုပြန်မောင်းချင်ကြတယ်။ ပါရမီအနေနဲ့ ကတော့ ရေရှည် ခိုက်ရန်ဖြစ်ပွားမှုတွေရှိနေရင်ပြန်သိက္ခာကျ ရမယ်”ဟုပြောသည်။ အဆိုပါယာဉ်လိုင်းအား အဓိက ၁၇၃တွင်၅စီး၊ ပါရမီ ၁၇၆တွင် ၄စီး၊ ပါရမီ ၁ရရတွင် ၄စီး၊ ပါရမီ၁၈၂ တွင်၅စီး၊ ပါရမီ ၁၈၄တွင် ၅စီးအသီးသီး အစားထိုးပြေးဆွဲ ပေးနေပြီဖြစ်ကြောင်းသိရသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်နေမခင် ငြိမ်းချမ်းက”၂၃၂ကကားအစီးရေလည်းစိတ် တယ်။ ဒီနေ့ မနက် တစ်စီးမှ မလာလို့ ၃၂ရိုးရိုး ယာဉ်လိုင်းဘဲ စီးရတယ်။အခုအဲဒီကား တွေမရှိ တော့ဘူးဆိုတော့၃၂ကိုဘဲအားကိုး ရတော့မှာ ပေါ့။” ဟုပြောသည်။
အဆိုပါ၂၃၂ယာဉ်လိုင်းအား ၂၀၁၁ခုနှစ်မတ်လ၂၈ရက်နေ့ကသာကေတ မြို့နယ်၊၁ဈေးကွေ့မှတ်တိုင် နှင့်ရန်အောင် မှတ်တိုင်ကြား တွင်အုပ်စုဖွဲ့၍ငွေကြေး တောင်းခံခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ပါရမီမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြား ချက် အရ သိရသည်။
ထို့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် သီရိမင်္ဂလာဈေးသစ်သို့ပြေးဆွဲနေသော ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များသည်ယာဉ်ပိတ်ရပ်မှုကြာင့် ပြသနာဖြစ်ပွားခဲ့ပြီးနောက် ဈေးကြိုပို့ယာဉ်မောင်း နှင့်အဖွဲ့ သည် ၂၃၂ ဂိတ်ရုံးသို့ လာရောက် စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုသည် ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ဈေးကြိုပို့ယာဉ်မောင်းနှင့် ပါလာ သည့် ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်ကြောင့် ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၁၆၉/၁၂ ပုဒ်မ ၃၀၂/ ၃၂၄/ ၁၁၄ ဖြင့် အမှုဖွင့်ကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရသည်။
0 comments:
Post a Comment