<div style='background-color: none transparent;'></div>

Home » » လေဖြတ်သူများအတွက် စိတ်ဖြင့်ခိုင်း၍ရမည့် စက်ရုပ်လက်တီထွင်

လေဖြတ်သူများအတွက် စိတ်ဖြင့်ခိုင်း၍ရမည့် စက်ရုပ်လက်တီထွင်

BBC news- photo 
The Voice Weekly News,28May 2012  —- လည်ပင်း အောက်မှစကာ ကိုယ်အောက်ပိုင်း သေနေသဖြင့် မိမိကိုယ်ကိုယ် မပြုစုနိုင်သူများအတွက် ကိုယ်တိုင်စိတ်ဖြင့် ခိုင်းနိုင်မည့် စက်ရုပ်လက်ကို အမေရိကန် ပညာရှင်များက အောင်မြင်စွာ စမ်းသပ် သရုပ်ပြ နိုင်ခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်
။ဝေဒနာရှင်၏ ဦးနှောက်တွင် တပ်ဆင်ထားသည့် Sensor အာရုံခံကိရိယာက ကွန်ပျူတာနှင့် ချိတ်ဆက်ကာ အီလက်ထရွန်နစ် အချက်အလက်အဖြစ်သို့ ပြောင်းလဲပြီး စက်ရုပ်လက်ကို ခိုင်းစေခြင်းဖြစ်ကြောင်း Journal Nature ကလည်း ရေးသား ထားသည်။ အဆိုပါ စက်ရုပ်လက်စီမံကိန်းကို ဘရောင်းတက0×081ကသိုလ်၊ နံနက် ဆာချူးဆက် အထွေထွေဆေးရုံ၏ အာရုံကြောဌာနနှင့် ဟာဗတ် ဆေးကျောင်းတို့ ပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ဦးနှောက် အပြင်လွှာတွင် တပ်ဆင်ရမည့် အာရုံခံကိရိယာလေးမှာ အဓိကကိရိယာဖြစ်ကြောင်း ယင်းသတင်းက ရေးသား ဖော်ပြထားသည်။BBC အင်တာနက် စာမျက်နှာတွင် အဆိုပါ သူနာပြုစက်ရုပ်လက် ရုပ်သံဖိုင်ကို တင်ထားပြီး အသက် ၅၈ နှစ်အရွယ် အောသီဟက်ချီဆန်ဆိုသူ အမျိုးသမီးကြီးက အဆိုပါ စက်ရုပ်လက်ကို စက်ဖြင့်ထိန်းချုပ်ကာ ကော်ဖီဘူးကို ယူသောက်ပြပုံကို ပြသထားသည်။ 0×158င်းက မျက်လုံးအကြည့်ဖြင့် စာသားများကို ထောက်ပြသွားပြီး 0×158င်း၏ ခံစားချက်ကို ပြောပြသွားရာ”ကျွန်မဖြင့် ကိုယ့်မျက်စိကိုယ် မယုံနိုင်ပါဘူး။ ကော်ဖီကို ကျွန်မဘာသာ ယူသောက်လိုက်တယ်လေ။ ပီတိဖြစ်ရပါတယ်။ မျှော်လင့်ချက်ရှိတယ်လို့ ခံစားရပြီး အမှီအခိုကင်းတယ်လို့ ခံစားရပါတယ်” ဟု ဖော်ပြထားသည်။စမ်းသပ်တီထွင်မှုတွင် ပါဝင်ခဲ့သူ ဘရောင်းတက0×081ကသိုလ်မှ အာရုံကြောပညာရှင် ပရော်ဖက်ဆာဂျွန်ဒိုနိုဂိုက ”အလွန် ပျော်ရွှင်ရပါတယ်။ အောင်မြင်ပါပြီ။ လူတခိျု့ဟာ သူတို့လုပ်ချင်တာကို လုပ်ဖို့ နှစ်များစွာ စောင့်နေခဲ့ရတာကို ကျွန်တော် ကူညီနိုင်ပါပြီ။ ဦးနှောက်နဲ့ ကွန်ပျူတာ အပြန်အလှန် ဆက်သွယ်ရာမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုပါ” ဟု ပြောဆိုသွားသည်.။
Share this article :

1 comments:

3rdthameetaw said...

ဝမ်းသာစရာပါပဲရှင်...ပညာရှင်တွေ ကိုဂုဏ်ပြုထိုက်ပါတယ်...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map