<div style='background-color: none transparent;'></div>

Home » » ထိုင်း – မြန်မာ ဘဏ်အချင်းချင်းတရားဝင်ငွေလွဲနိုင်မည်

ထိုင်း – မြန်မာ ဘဏ်အချင်းချင်းတရားဝင်ငွေလွဲနိုင်မည်



The Voice Weekly , 6May 2012  —-  မြန်မာနိုင်ငံမှ လုပ်သား ၂ သန်းခန့် အလုပ် လုပ်ကိုင်လျှက်သော အိမ်နီးချင်း ထိုင်းနိုင်ငံရှိ မြန်မာ လုပ်သားများသည် ဇွန်လ ပထမပတ်မှ စတင်ကာ ထိုင်းနိုင်ငံရှိ K Bank (Kasikorn Bank)မှတဆင့် မြန်မာနိုင်ငံရှိ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်သို့ တရားဝင် ငွေလွှဲနိုင်တော့မည် ဖြစ်ကြောင်း
ယင်းဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက The Voice Weekly သို့ ပြောကြားသည်။ထိုင်းနိုင်ငံရှိ ဘဏ်များထဲမှ အဆိုပါဘဏ်ကို ရွေးချယ်ရခြင်းမှာ ယင်းဘဏ်၏ ATM (အလိုလျောက် ငွေထုတ်စက်) များတွင် အင်္ဂလိပ်၊ ထိုင်း သာမက မြန်မာ ဘာသာစာများပါ ကပ်ထားပေးပြီး မြန်မာလုပ်သားများကိုဂရုတစိုက်ရှိ သောကြောင့်ဖြစ်ကြောင်း၊ ၄င်းတို့နိုင်ငံတွင် ငွေစက္ကူ သိပ်မသုံးဘဲ ငွေလွှဲလျှင် ဘဏ်ကတ်သာ အသုံးများသဖြင့် ငွေလွှဲကောင်တာများတွင် ဘဏ်ဝန်ထမ်း သိပ်ထားလေ့ မရှိသော်လည်း ယခု ငွေလွှဲအစီအစဉ် အတွက် မြန်မာ လုပ်သားများ လူကိုယ်တိုင် လာရောက် ငွေလွှဲကြမည် ဖြစ်ရာ အဆိုပါ ဘဏ်တွင် ငွေလွှဲကောင်တာများနှင့် ဝန်ထမ်းများ ထားရှိရန် K Bank က စီစဉ်လျက် ရှိကြောင်း ၄င်းက ရှင်းပြသည်။ ၄င်းတို့ နှစ်ဘဏ် ငွေလွှဲလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရန် မေလ ၈ ရက်နေ့တွင် ဘန်ကောက်မြို့၌ သဘောတူ စာချုပ် ချုပ်ဆိုကြမည် ဖြစ်ကြောင်း အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်မှ တရားဝင် ထုတ်ပြန် ကြေညာထားသည်။ယင်း နိုင်ငံခြားငွေလွှဲ လုပ်ငန်း လုပ်ပိုင်ခွင့်ကို ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမ ဘဏ်နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်တို့က ယမန်နှစ် ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ကာ ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိထားကြခြင်း ဖြစ်ကြောင်း ယင်းဘဏ်များမှ တာဝန်ရှိသူများက ပြောကြားသည်။
Share this article :

4 comments:

ချစ်စံအိမ် said...

သတင်းကောင်းပဲမောင်လေးရေ

Yin Sue said...

ဟုတ်တယ် ကိုအောင်သက်ခိုင်ရေ.....ကောင်းတာပေါ့ဗျာ....ထိုင်းကမြန်မာတွေ အဆင်ပြေသွားတာပေါ့.....

အလွမ်းမြို့ said...

သတင်းကောင်းပါဘဲ... ဝမ်းသာပါတယ်။



ခင်မင်တဲ့
အလွမ်း

ကနောင်သားလေး said...

အရမ်းကောင်းပါတယ်ပွဲစားမလိုတော့ဘူးပေါ့ခဗျာ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map