7 Day News Journal, 1 april 2012 —- Update : 2.10 pm ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉၀မဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ၇ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။(12 minutes ago)
7 Day News —-တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ ၃ ရုံတွင် NLD အနိုင်ရရှိ တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ ၃ရုံတွင် မဲပေးမှုပြီးစီးပြီးဖြစ်ကာ မဲအရေအတွက်စာရင်းများလည်းသိရရှိ ရပြီဖြစ်ကြောင်း ကျွန်းစုမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ယနေ့ နေ့လည် ၁း၃၀ တွင် ပြောကြားသည်။
ကျွန်းစုမြို့နယ်ရှိ တာဆာကီ အမှတ်(၄)မဲရုံ၊ ကံမော်ကျေးရွာအုပ်စု-ပသျှူးချော င်းကျေးရွာမဲရုံအမှတ်(၃)နှင့် ရေမြက်ကြီးကျေးရွာအုပ်စု-မနွယ်ရွာ မဲရုံအမှတ်(၁၃) တွင် မဲရေတွက်ပြီးပြီဖြစ်သည်။
“မဲရုံကိုယ်စားလှယ်တွေရဲ့စောင့် ကြည့်ထားတဲ့ရလာဘ်အရ မဲရုံအားလုံးမှာ ကျွန်တော်တို့ အဖွဲ့ချုပ်က အနိုင်ရထားပါတယ်”ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဇင်မောင်မောင်က 7Day News သို့ပြောသည်။
တာဆာကီကုမ္ပဏီမဲရုံအမှတ်(၄)တွင် ရရှိသောမဲရလာဘ်များမှာ NLD က ၂၁၂ မဲ၊ ပြည်ခိုင်ဖြိုးက ၁၄ မဲနှင့် ပယ်မဲ ၄ မဲ ဖြင့်လည်းကောင်း၊ ကံမော်ကျေးရွာအုပ်စု၊ပသျှူးချော င်းကျေးရွာ၊မဲရုံအမှတ်(၃)တွင် NLDက ၇၇ မဲ၊ ပြည်ခိုင်ဖြိုးက ၁၃မဲနှင့် ပယ်မဲ ၅မဲဖြင့်လည်းကောင်း၊ ရေမြက်ကြီးကျေးရွာအုပ်စု၊မနွယ်ေ ကျးရွာ မဲရုံးအမှတ်(၁၃) တွင် NLD က ၇၀ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၃၀ ရာခိုင်နှုန်းဖြင့် အသီးသီးရရှိထားကြောင်း ကိုဇင်မောင်မောင်က ပြောသည်။
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၄၂ရုံရှိပြီး၊ပြည်သူ့လွှတ်တော်လ စ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ခဲ့ကြသည်။
ELEVEN MEDIA GROUP ,1April 2012 —- နောက်ဆုံးသိရှိရသော မဲစာရင်းရလဒ်များ
ဧပြီ ၁ ၁၄:၁၀ နာရီ
ပုလဲမြို့နယ် ကန်သစ်ကျေးရွာ မဲရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၄ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၃ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄၁ မဲ ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ၁၄:၀၀ နာရီ
- ပုလဲမြို့နယ် ကန်သာယာကျေးရွာတွင် မဲပေးနိုင်သူ ၁၆၅ ဦးရှိသည့်အနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၆၃ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲ ၁ မဲဖြစ်ကြောင်း သိရပါသည်။
- နေပြည်တော် ဥတ္တရသီရိမြို့ရှိ မဲရုံအမှတ် ၇/၁၉ တွင် မဲပေးသူ ၁၉၉ ဦးရှိခဲ့ပြီး ကြိုတင်မဲ ၂၆ မဲ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မဲရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၉၆ မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁ မဲ ရရှိခဲ့ကာ ပယ်မဲ ၁ မဲ ဖြစ်ကြောင်း သိရပါသည်။
- ပုလဲမြို့နယ် ပဲခင်းမ ကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၉၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင့်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၈၇ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၂၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၆ မဲ ရှိခဲ့ကြောင်း သိရသည်။
- ပုလဲမြို့နယ် ဇီးရင်းကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၈၂ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၆၁ မဲနှင့် ပယ်မဲ ၂ မဲ ရှိခဲ့ကြောင်း သိရပါသည်။
ဧပြီ ၁ ၁၀း၃၄ နာရီ
အမှတ် (၁၁)ရပ်ကွက် ပုသိမ်မြို့ မဲရုံအမှတ် (၉)တွင် မဲပေးခွင့်ရှိသူ ၁၈၆ဦးရှိရာ ကြိုတင်မဲ (၉)မဲ ရှိပြီး ပြည်ခိုင်ဖြိုး (၇)မဲ NLD (၂)မဲ ဖြစ်သည်။ အဆိုပါမဲရုံတွင် ပြည်ခိုင်ဖြိုးမှ ၁၇၂ မဲ၊ ပယ်မဲ ၁ မဲ ရှိခဲ့သည်။ အဆိုပါ မဲရုံတွင် စစ်လက်နက်ကိရိယာ ထောက်ပံ့ရေးတပ် မိသားစုဝင်များ မဲပေးခဲ့ခြင်းဖြစ်သည်။

2 comments:
အဲဒီလိုလေးဖြစ်နေရမှာ
ပျော်လိုက်တာ သတင်းကောင်းလေးအတွက်
စစ်မှန်တိုးတက်သောနိုင်ငံတော်သစ်ဆီသို့ပေါ့လေ ဟီး
စကားကြီးပြောကြည့်တာ :D
Post a Comment