<div style='background-color: none transparent;'></div>

Home » » Facebook မှာ ဝေဖန်ခံရတဲ့ နန်းဆုရတီစိုး

Facebook မှာ ဝေဖန်ခံရတဲ့ နန်းဆုရတီစိုး



ဧရာဝတီဘလော့ .၂၆ မတ်လ ၂၀၁၂ —- ကြံ့ခိုင်ရေးအတွက်မဲဆွယ်တဲ့ နန်းဆုဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတို့ကို တွဲပြီး Facebook မှာ အခုလို တွေ့နေရပါတယ်။
အခုရက်ပိုင်း အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ နန်းဆုရတီစိုးရဲ့ ဓာတ်ပုံတွေက ဝေဖန်မှုတော်တော်များတဲ့ ဓာတ်ပုံ တွေပဲ ဖြစ်ပါတယ်။

အခု ရက်ပိုင်းက ရန်ကုန်တိုင်း ယုဇန ဥယျာဉ်မြို့တော်မှာ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးတဲ့ပွဲမှာ အဆို တော် နန်းဆုရတီစိုး နဲ့ တချို့ အဆိုတော်လေးတွေဖျော်ဖြေသွားကြတဲ့ ဓာတ်ပုံတွေက ဖေ့ဘုတ်စတဲ့ အင်တာနက် လူမှု ကွန်ရက် စာမျက်နှာမှာ ဖော်ပြလာခဲ့တာပါ။
မကြာသေးခင် လပိုင်းအတွင်းကမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်များနဲ့ တွေ့ဆုံတဲ့ အထဲမှာ နန်းဆုရတီစိုးလည်း ပါဝင်ပါတယ်။
အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီး ဓာတ်ပုံရိုက်ထားတဲ့ နန်းဆုရတီစိုးရဲ့ ဓာတ်ပုံနဲ့ ကြံ့ခိုင်ရေးမှာ ဖျော်ဖြေနေတဲ့ နန်းဆုရတီစိုးရဲ့ ဓာတ်ပုံတွေကို ပူးတွဲ ဖော်ပြပေးလာတော့ “သာကူး၊ — မ၊’’ စသဖြင့် ဝေဖန်မှုတွေက ပြင်းထန်တာ ကို မြင်တွေ့ရတယ်။
အနုပညာသည် စစ်စစ်တွေက ထမင်းရှင် ပြည်သူတွေဘက်က ရပ်တည်ရမယ်ဆိုပြီး လူတော်တော်များများက ပြောနေကြ ကြောင်းပါ။
Share this article :

3 comments:

စံပယ်ချို said...

ဒီလိုတွေ ဖြစ်တတ်ပါတယ် ဘာအကြောင်းများရှိနေလဲ မသိ

Snow May said...

သတင်းဖတ်သွားပါတယ်.. နန်းဆုကိုတော့ အစကတည်းက သိပ်မကြိုက်ဖူး.. :)

ချစ်စံအိမ် said...

ဒီလိုပါပဲလေ..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map